ယူနိုက်တက်အသင်းရှိ ဝန်ထမ်းများသည် နှစ်စဥ်ကျင်းပနေကျဖြစ်သော အသင်း၏ ခရစ္စမတ်ပါတီကို ယခုနှစ် အထွက်ငွေ လျှော့ချသည့်အနေဖြင့် cancel လိုက်သည့်အပေါ် မပျော်ရွှင်ကြပေ။
ခရစ္စမတ်သည် ပျော်ရွှင်ခြင်းနှင့် ဝမ်းမြောက်မှုကို ကိုယ်စားပြုသည့် တနှစ်တာ၏အလှပဆုံးအချိန်တခု ဖြစ်သော်လည်း အကြီးအကဲများက ယခုလို ဆုံးဖြတ်လိုက်သည့်အပေါ် ဝန်ထမ်းများက စိတ်မကြည်မသာ ဖြစ်ကြသည်။ Dan Ashworth ကို ခန့်ပြီးမှ မြန်မြန်ဆန်ဆန် လမ်းခွဲခဲ့သည့် အပေါ်တွင်လည်း တချိုက နားလည်ရန် ခက်ခဲကြသည်။
ယူနိုက်တက်သည် အသင်းသမိုင်းတလျှောက် နှစ်စဥ်နှစ်တိုင်း ခရစ္စမတ်ပါတီကို မပျက်မကွက် ကျင်းပခဲ့ကြောင်း သိရသည်။
အသင်းဘက်ကမူ Dan Ashworth နှင့် သဘောထားမတိုင်ဆိုင်၍ လမ်းခွဲ ခဲ့ပြီးနောက် Structure သစ်နှင့် လျင်မြန်စွာ တိုးတက်လာရေးကိုသာ အာရုံစိုက် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။
via Sam C (United Stand)
အားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံး ကျေးဇူးပါ။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





