ယူနိုက်တက်အသင်း၏ Reception တွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော Lady Kath Phipps က အသက် 85 နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်သောကြောင့် ကစားသမားများ၊ ကစားသမားဟောင်းများက ဝမ်းနည်းကြောင်း မှတ်တမ်းလွှာများ ရေးသားခဲ့ကြသည်။
Kath က ဂန္တဝင်နည်းပြကြီး ဆာမက်စ်ဘက်စ်ဘီ လက်ထက် 1968 တည်းက အသင်းကို ရောက်ရှိလာခဲ့ပြီး မကွယ်လွန်မီအထိ 56 နှစ်ကြာ အသင်းအတွက် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
Kath ၏ အမျိုးသား ကွယ်လွန်စဥ်က စျာပနအခမ်းအနားကို ဆာအဲလက်စ်က အသင်းသားနှင့်များနှင့်အတူ တက်ရောက်ခဲ့ဖူးပြီး ကိုဗစ်ကာလတွင်လည်း Kath အထီးမကျန်စေရန် အသင်းသားများနှင့် အသင်းဝန်ထမ်းများက ကိုယ်စီ အိမ်လည်ခေါ်ကာ အဖော်ပြုပေးခဲ့သေးသည်။
ယခုပုံမှာ လွန်ခဲ့သော နှစ်က Kathက Sir Bobby ကွယ်လွန်စဥ် အမှတ်တရ စာလွှာ ရေးနေပုံဖြစ်သည်။
We will NEVER forget you, Kathy🕊
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitဖedShow
Subscribe





