FAဖလား ဗိုလ်လုပွဲအပြီး မာလာစီယာ ကို ဆုတံဆိပ် လက်ဆောင် ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ကာစီမီရို က ယခုလို ပြန်ပြောပြခဲ့သည်။
“မာလာစီယာက အဲ့အကြောင်း ပြောပြသေးတယ်လား။ ကျွန်တော် မသိခဲ့ဘူး။ ဒါပေမယ့် သူပြောတဲ့အတိုင်း အမှန်ပါပဲ။ ကျွန်တော့် ဆုတံဆိပ်ကို သူ့ဆီ ပေးခဲ့တာပါ။
သူက အဲဒီရာသီမှာ တစ်ကြိမ်တောင် ကစားပေးနိုင်ခဲ့ခြင်းမရှိဘူး။ ဒါကြောင့် ဆုချီးမြှင့်မယ့် စင်ပေါ်မတက်ချင်ခဲ့ဘူး။ သူ့အတွက်လည်း ဆုတံဆိပ်မရှိခဲ့ဘူးလေ။ ဒါကြောင့် ကျွန်တော်က ကျွန်တော့် ဆုတံဆိပ်ကို ပေးခဲ့တယ်။ သူက အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပဲ မဟုတ်လား။
သူက အဲ့ဒီရာသီမှာ ကစားနိုင်ခြင်း မရှိပေမယ့် ကျွန်တော်တို သူ့ကိုချစ်ပါတယ်။ ကျွန်တော်တို သူ့ကို လိုအပ်ပါတယ်။ ပြီးတော့ သူကလည်း ချစ်ခြင်းမေတ္တာတွေကို လိုအပ်နေမှာပဲလေ။”
via MUTV
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





