“အဲဗာတန်နဲ့ပွဲက နောက်ထပ်မတူညီတဲ့ စိန်ခေါ်မှုတစ်ခုပါ။ သူတိုဟာ အဝေးဘောတွေ၊ Second Ball တွေနဲ့ အရည်အသွေးရှိတဲ့ နည်းပြကောင်းတစ်ဦး ကိုင်တွယ်နေတဲ့ အသင်းဖြစ်ပါတယ်။ ကျွန်တော်တို ဂရုတစိုက် ကစားပြီး အနိုင်လိုချင်ပါတယ်။
ကျွန်တော်တို ဘောလုံးပိုင်ဆိုင်မှု ရဖိုလည်း အားထုတ်ရမယ်။ တကယ်တော့ ပြင်ဆင်ချိန် တအား နည်းပါတယ်။ အရင်ပွဲ ကစားခဲ့တဲ့ ကစားသမားတွေအတွက်လည်း အနားယူချိန် မရှိဘူးဖြစ်သွားပါတယ်။ ဒါပေမယ့် ကျွန်တော်တိုတွေ အပြောင်းအလဲတွေလုပ်ပြီး ပွဲထွက်မှတော့ ရမယ်။
ဒါလော့ လား။ သူက အသင်းကို ကူညီနိုင်မယ့်သူပါ။ ဒါပေမယ့် သူ့ကို Rotate လုပ်ပြီး အသုံးပြုရမယ်လေ။ သူက အမြဲ လန်းဆန်းနေပေမယ့် ‘စက်’ တစ်ခုတော့ မဟုတ်ပါဘူး။ သူက ဘယ်ညာ မရွေး ကစားနိူင်တယ်။ ဒီလို ကစားသမားမျိုးက ဒီနေ့ခေတ်မှာ လိုကိုလိုအပ်ပါတယ်။ ကျွန်တော့်အထင် သူက ညာခြမ်းမှာ ပိုကောင်းပါတယ်။ ဒါကြောင့် သူ့ကို အဲ့ဒီဘက်မှာ များများ သုံးပေးဖို ရှိပါတယ်။
Video အကူအညီတွေနဲ့ လေ့ကျင့်ရာမှာလား။ ကျွန်တော်ကိုယ်တိုင်က ကစားသမား ဘဝက လာတာပါ။ ကစားသမားတွေကို ၁၂ မိနစ်ထက် ရှည်တဲ့ Video သွားပြကြည့်ပါလား။ အဲ့မှာတင် လစ်လိုက်တော့။ သူတို ဘာမှ မှတ်မိမှာ မဟုတ်ပါဘူး။ ဒီတော့ အလုံပိတ် ကွင်းတစ်ခုတည်း ရောက်နေသလို သဘောထားပြီး လမ်းလျှောက် လေ့ကျင့်ခန်း၊ အပြေး လေ့ကျင့်ခန်း လေးတွေ လုပ်ရတာပေါ့။ တခါတလေလည်း Video တွေကို အသုံးပြုပါတယ်။ နောက်ပြီး သီးသန့် နည်းပြတွေ ထားရှိပါတယ်။
လုခ်ရှော လည်း အဆင်ပြေပါတယ်။ သူ မနေ့က ပွဲကစားပြီး ဒီမနက် လေ့ကျင့်ခန်း ဆင်းနေပါတယ်။
ဘိုဒိုနဲ့ပွဲမှာ တော်တော် ကောင်းမွန်စွာ Pressing ကစားနိုင်ခဲ့ပါတယ်။ မောင့် ဆိုရင် မိနစ် ၆၀ လောက် Intensity အပြည့်နဲ့ Press ခဲ့တာ။ Hojlund လည်း အဲ့လိုပဲ။ ကစားခွင့်ရတဲ့ ကစားသမားတွေဟာ ပိုပြီး လုပ်ပြနိုင်ဖို လိုပါတယ်။
မောင့် နဲ့ ပတ်သက်ပြီး ပထမဆုံး မြင်တဲ့အရာက သူဟာ အလုပ်အရမ်း ကြိုးစားပါတယ်။ သူဟာ လူသားတစ်ယောက်ပဲ ဆိုတာကိုတော့ နားလည်ရပါမယ်။ သူ လုပ်ပြနိုင်တယ်ဆိုတာ မြင်ကြမှာပါ။ သူက အရည်အသွေးမြင့် ကစားသမား ဖြစ်သလို ဥရောပချန်ပီယံလည်း ဖြစ်ပါတယ်။ သူဟာ သင့်တော်မှန်ကန်တဲ့ ကစားသမား ဖြစ်ပြီး သူ့အပေါ် အများကြီး ယုံကြည်ထားတာပါ။
မနေ့က ကြံ့ခိုင်မှုပိုင်းအတွက် ရည်ရွယ်ပြီး လူစားလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဂိမ်းအတွက် မဟုတ်ပါဘူး။ နောက်လည်း အဲ့လို လုပ်သွားမှာပါ။ ဘယ်သူမှ ဆင်ခြေပေးမယ်တော့ မထင်ပါဘူး။ ကြံ့ခိုင်မှုပိုင်းက အရေးကြီးဆုံးအရာ မဟုတ်လား။
ကျွန်တော်က မီဒီယာတွေကို မေးမယ်ဗျာ။ ဘိုဒိုနဲ့ ပွဲမှာ ဘာကစားကွက် သုံးသွားတယ်ထင်လဲ လို မေးမယ်။ ဒါဆို ခင်ဗျားတိုဖြေကြမှာက 4-4-2 Defending လို ဖြေမယ်။ Wide Player နှစ်ဦးကို သုံးသွားတယ်။ ဒါဟာ ဒီလိဂ်က ကျန်တဲ့ အသင်းတွေ သုံးသလိုပဲ သုံးသွားတာလေ။ ဒါလော့နဲ့ မာလာစီယာ က ခံစစ် လို ကစားသွားတယ်။ အန်တိုနီနဲ့ အာမက်က တောင်ပံလို ကစားသွားတယ်မဟုတ်လား။
ကျွန်တော် တိုးတက်စေချင်တာတွေက တော့ဗျာ။ တစ်ယောက် ချင်း ရင်ဆိုင်မှုတွေ၊ အဲ့ဒီကနေ နေရာတွေ လွတ်လာဖို ၊ ဘောလုံးဆုံးရှုးတဲ့အခါ အမြန်ပြန်ရဖို၊ စသဖြင့်ပေါ့။ ကျွန်တော် ထင်ပါတယ်။ အသင်းဟာ ခင်ဗျားတို မျှော်လင့်ထားတာထက်တော့ ပိုပြီး ချောမွေ့စ ပြုလာပါပြီ။”
via BeanymanSport
Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





