🎙️ | “ကျွန်တော်တိုမှာ ကစားဖို ပွဲတွေ အများကြီး ရှိတာမို Rotation က လိုကို လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို မဖြစ်မနေ လုပ်သွားရမယ့်အရာ ဖြစ်ပြီး အသင်းအတွက်လည်း ကောင်းပါတယ်။
အခုအချိန်မှာ ကျွန်တော်တိုဟာ အတွေးအခေါ်သစ်တွေကို အကောင်အထည်ဖော်နေတာဖြစ်လို ကစားသမားတိုင်း ပါဝင်ရပါမယ်။ ဒီ Idea အတွက် ကစားသမားအားလုံး ကစားခွင့် ရရပါမယ်။
ကျွန်တော် Idea အသစ်တွေ ဖော်ဆောင်ချင်ပါတယ်။ အရင် လုပ်ခဲ့တဲ့ သူတွေထက် ပိုကောင်းတယ်လို ပြောချင်တာမဟုတ်ဘူးနော်။ မတူကွဲပြားတာတွေ မြင်ရမယ်လို ဆိုလိုတာပါ။
အမူအကျင့်တွေကို ပြောင်းရမယ်လို ကျွန်တော်ပြောလိုက်ခြင်းဟာ အရင်က အမူအကျင့်တွေက ဆိုးမိုက်ခဲ့တယ်လို ဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော် ကစားချင်တဲ့ ပုံစံ ရရှိဖိုအတွက် ပြောင်းလဲ ရမယ့် အသေးစိတ် အရာလေးတွေ ရှိနေဆဲဖြစ်တယ်လို ဆိုလိုတာပါ။
ကစားသမားတွေ အပေါ် ဖိအားပေးမှာလား ဆိုတဲ့ အပေါ်လား။ ကျွန်တော်တိုက တစုတစည်းတည်းပါ။ သူတိုအတွက် ရှိနေပြီး ကာကွယ်ပေးသွားချင်တာပါ။ ပွဲကစားချိန်၊ ပွဲ မကစားမီ ကျွန်တော်တိုရဲ့ ညွှန်ကြားမှုတွေအတိုင်း ကစားနိုင်ရင် အဆင်ပြေပြီလေ။ ကျွန်တော် ဒါပဲလိုချင်တာပါ။ ကျန်တဲ့ကိစ္စအနေနဲ့ကတော့ အသင်းတစ်သင်း ဖြစ်တာမို တစ်ဦးအပေါ် တစ်ဦးယုံကြည်ရမယ်။ ဖြစ်သမျှကို သူတိုဘက်က ရပ်တည်ပြီး ကျွန်တော် ကိုင်တွယ်ပါမယ်။
Media attention များလွန်းနေတဲ့ အပေါ်လား။ ကျွန်တော် အဆင်ပြေပါတယ်။ အကောင်းဆုံးလိဂ်က ကမ္ဘာကျော် Brand ဖြစ်တဲ့ အသင်းအနေနဲ့ ဒီလိုအရာတွေကနေ ဝင်ငွေစီးဆင်းမှုတွေရှိတယ်ဆိုတာ နားလည်ပါတယ်။ အစ်ဆွစ်နဲ့ပွဲအပြီး ပြောခဲ့တဲ့ မီဒီယာနဲ့ပတ်သက်တဲ့ အကြောင်းချင်းရာက ရယ်စရာ သပ်သပ်ပြောတာပါ။ နည်းပြဆိုတာ အပိုစကားတွေမပြောဘဲ အလုပ်ကို ပိုပြီးအာရုံစိုက်ရမယ့်အချိန်လည်း ရှိသင့်တယ်လေ။”
အမ်မိုရင်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe
