“ကျွန်တော့်ရဲ့ ကစားသမားတွေ ပွဲချိန်အတွင်း အတွေးတွေ များနေရတယ်လို ကျွန်တော်ထင်တယ်။ ဒါကို ခံစားမိမှာပါ။ ကျွန်တော်တို အသင်းလိုက် လေ့ကျင့်ခန်း ဆင်းခဲ့တာ နှစ်ရက်တည်း ဆိုတော့လေ။
ကျွန်တော် ဒီတပတ်အတွင်း ဖြေခဲ့ရတဲ့ အင်တာဗျူးတွေဟာ စပိုတင်းမှာ လေးနှစ် နေခဲ့စဥ်ကထက် ပိုများပါတယ်။ ကျွန်တော် ဒီကစားသမားတွေနဲ့ အလုပ်တွေအများကြီး ပိုလုပ်ရဖို မျှော်လင့်တယ်။ ဒီပွဲကတော့ ခက်ခဲမယ်ဆိုတာ ကြိုသိထားပါတယ်။
ကျွန်တော်တိုမှာ ပြဿနာတွေ ရှိကောင်းရှိနိုင်ပါတယ်။ ကစားသမားတွေလည်း တခါတရံ စိတ်ရှုပ်ထွေးမှု ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက နောက်နှစ် အခုလိုအချိန်ရောက်ရင်တော့ ဒီလို ရုန်းကန်ရမှုတွေ ကြုံမှာ မဟုတ်တော့ပါဘူး။
3-4-3 က ပြဿနာမဟုတ်ပါဘူး။ ပွဲကို နားလည်အောင် လုပ်ယူရတဲ့ အပေါ်မှာ တိုးတက်အောင် ကြိုးစားရမှာပါ။
ကစားသမားတွေရဲ့ Desicion making ပိုင်းကိုလည်း တိုးတက်အောင် လုပ်ရမယ်ဆိုတာ မှန်ပါတယ်။ ဒီလိုအဆင့် ပြိုင်ပွဲမျိုးမှာတော့ ဒါတွေကို လိုက် သင်ပြစရာ မလိုဘူးလေ။ လူမှန်၊ နေရာမှန် ချိန်သားကိုက် မရှိတဲ့ အရာမျိုးကိုသာ ပြုပြင်ဖို လုပ်ဆောင်သွားမှာပါ။
ကျွန်တော်တို ဖိအားမရှိတဲ့အချိန်မျိုးမှာ ဘောလုံးဆုံးရှုးတာ များခဲ့တယ်။ ဘောလုံးကို ထိန်းထားရမယ်။ ပွဲရဲ့ Tempo ကို ဖတ်နိုင်ရမယ်။ ဒါကို မလုပ်နိုင်ခဲ့ပေမယ့် ကြိုးစားနေတာကိုတော့ မြင်ခဲ့ရပါတယ်။ ကျွန်တော့် ကစားသမားတွေ အမှန်တကယ် ကြိုးစားနေခဲ့ကြပါတယ်။
ပွဲကို ကောင်းစွာ စတင်နိုင်ပေမယ့် ဘောလုံး ရှိထားချိန်တွေနဲ့ ဘောလုံးမရှိချိန်တွေမှာ လိုအပ်မှုတွေရှိခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းထားနိုင်ဖိုလည်း လိုအပ်ခဲ့တယ်။ တခါတရံမှာ နောက်တန်းမှာ ဘောလုံးကိုင်ထားရင်း ပေးပိုဖို အကြပ်ရိုက်နေတာတွေ မြင်ရတယ်။ ဒါတွေဟာ ဂိမ်းအပေါ် အသားကျလာဖို လိုအပ်နေတဲ့အရာတွေပါ။ ဒါပေမယ့် ခက်ခဲတဲ့ အချိန်တွေမှာတောင် ကျွန်တော်တို ညွှန်ကြားသလို ကစားနိုင်ခဲ့တဲ့ အခိုက်အတန့်တွေတော့ ရှိခဲ့ပါတယ်။
ဇာ့ခ်ဇီ က Box ထဲ ဝင်ဖို၊ Cross တွေပေးတဲ့အခါ လွယ်ကူအောင် လုပ်ပေးဖို သဘောပေါက်ရပါမယ်။ နောက်ပြီး အသင်းရဲ့ ကြံ့ခိုင်မှုပိုင်းတွေလည်း တိုးတက်ဖိုလိုပါတယ်။
ခက်ခဲတဲ့အချိန်တွေအပြီး ကျွန်တော်တိုတွေ နိုင်ပွဲတွေ ပြန်ရှာဖွေဖို ကြိုးပမ်းနေရတာ အချိန်တော့လိုအပ်ပါတယ်။ နိုင်လည်း နိုင်သွားနိူင်သလို ရှုးလည်းရှုးသွားနိုင်ပါတယ်။ အိုနာနာကြောင့်သာ မဟုတ်ရင်ပေါ့။
အိုနာနာက အဝေးကို ကန်တင်နေတာ များခဲ့ပေမယ့် အခုအခါ အသင်းဖော်တွေနဲဲ ချိတ်ဆက်ကစားနေပါပြီ။ ဒါကို ကျွန်တော် ကျေနပ်နေပါတယ်။ သူက Idea ကို နားလည်တယ်။
မီဒီယာတွေ အခု ဆက်တိုက်ပြောနေတဲ့ Structure မရှိဘူးဆိုတာတွေကို ကျွန်တော်နားလည်ပါတယ်။ အခု ဖြစ်နေတာတွေက ကျစ်လျစ်မှု မရှိသေးဘူးလို မြင်ကြမှာပါ။ ဒါဟာ ခြေလှမ်းတခုချင်းစီ သွားမယ့် အရာတွေပါ။ အသင်းလိုက် ကောင်းစွာ ကစားနိူင်လာအောင် structure ဆိုတဲ့အရာတွေကအစ ကျွန်တော် ကောင်းစွာ တည်ဆောက်သွားမှာပါ။”
via Skysports
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





