🎙️| “မေဆန်မောင့်နဲ့ ပတ်သက်ပြီးတော့လား။ ကျွန်တော် ဒီကလေးကို ချစ်တယ်လို ပြောချင်ပါတယ်။ သူ့မျက်လုံးတွေကို ကြည့်ရင် သူပြန်လာဖို အသင့်ပြင်ထားတယ်ဆိုတာ မြင်နိုင်ပြီး ကျွန်တော်ကလည်း ဒါမျိုးကို လိုချင်တာ။
သူ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတာ ကျွန်တော်သိတာပေါ့။ အခုသူဟာ ကြံ့ခိုင်မှုပိုင်းကို အထူးဂရုစိုက် လေ့ကျင့်နေပါတယ်။ သူ့ရဲ့ ပင်ကိုယ် အရည်အသွေးတွေ၊ အထူးသဖြင့် ချယ်လ်ဆီး မှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ဖို ကျွန်တော်တို မျှော်လင့်ထားကြတယ်။
သူက ဒီ System (3-4-3 ကိုဆိုလို) မှာ ကစားဖူးတယ်လေ။ သူ့အတွက် လုံးဝ သင့်တော်တာပေါ့။ ကျွန်တော့်မှာ သူ့အတွက် နေရာ နှစ်နေရာ ရှိတယ်။ သူပျော်သွားလိမ့်မယ်။”
ရူဘင်အမ်မိုရင်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





