“ဒီနေရာဟာ မတူခြားနားတဲ့ ကမ္ဘာတစ်ခုပါ။ အလုပ်တွေ အများကြီး လုပ်ပြဖို လိုနေပြီး ဒီအတွက်လည်း ပြင်ဆင်ထားပါတယ်။ အခုနှစ်အနည်းငယ်အတွင်း အဆင်မပြေခဲ့ပေမယ့် ဒီအသင်းရဲ့ သမိုင်းအစဥ်အလာတွေက အလွန်ခမ်းနားပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ အောင်မြင်မှု ရရှိခြင်းဟာ တခြားအသင်းတွေမှာ လုပ်နိုင်တာတွေနဲ့ မတူပါဘူး။
ကျွန်တော် စိတ်ကူးယဥ်ပြီးပြောနေသလိုတော့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ရော၊ ကလပ်အသင်းအပေါ်မှာရော ယုံကြည်မှု အပြည့်ရှိပါတယ်။ နောက်ပြီး ကစားသမားတွေ အပေါ်မှာလည်း အပြည့်အဝ ယုံကြည်မှုရှိပါတယ်။ အသစ်အသစ်တွေ ပုံဖော်ပြီး တိုးတက်အောင် လုပ်ဆောင်နိုင်မယ်လို ယုံပါတယ်။ ဒီ ကစားသမားတွေကိုခင်ဗျားတို သိပ်မယုံတာမျိုး ရှိနိုင်ပါတယ်။ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ မဖြစ်နိုင်ဘူးထင်နိုင်ပေမယ့် ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို ထင်ပါတယ်။
ကျွန်တော့်ကို အတွေ့အကြုံနည်းတယ်လို ပြောချင်ပြောလိုရပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အသင်းအတွက် ကျွန်တော်ဟာ မှန်ကန်တဲ့ ရွေးချယ်မှုလို ထင်ပါတယ်။ အမှန်တကယ် ယုံပါတယ်။ နောက်ပြီး ဒီမှာနေရတာ အရမ်း သက်တောင့် သက်သာ ရှိပါတယ်။ ကိုယ့်အိမ်လို ခံစားရပါတယ်။
ပထမဆုံးအနေနဲ့ ကျွန်တော်တို အသင်းမှာ ကစားရင် အားကစားသမားကောင်းတွေ ဖြစ်ဖို လိုပါတယ်။ အချက်အလက် တွေကို ကြည့်ရပါမယ်။ ကျွန်တော်တိုအသင်းရဲ့ ကြံ့ခိုင်မှုပိုင်းကို တိုးတက်အောင်လုပ်ရမယ်လို ထင်ပါတယ်။
နည်းပြတိုင်းကတော့ အချိန်လိုအပ်ပါတယ်။ တချိန်တည်းမှာ နိုင်ပွဲတွေ ရနေဖိုလည်း လိုပါတယ်။ အချိန် ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် သင်က မန်ယူနိုက်တက် မှာရှိနေတယ်ဆိုရင် အနိုင်ရရမှာပဲ။ ဒါကြောင့် အချိန်အများကြီးလိုတယ်လို ကျွန်တော် မပြောချင်ပါဘူး။
ကျွန်တော်တိုရဲ့ ကစားပုံနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကျွန်တော်တို ဘောလုံးဆုံးရှုးတာ အလွန် များနေတယ်။ ဒါကြောင့် ဘောလုံးကို ပိုကောင်းအောင် ထိန်းထားနိုင်ရမယ်။ ကျွန်တော်တို နောက်ကို ပြန်ဆင်းပြေးတာတွေလည်း ပိုကောင်းဖို လိုပါတယ်။ ဒါဟာ လူတိုင်းအတွက် ရှင်းလင်းပြီးသားအရာလို ထင်ပါတယ်။ ကျွန်တော်တိုဘက်ကလည်း သေးငယ်တဲ့ အသေးစိတ်အချက်လေးတွေကအစ ရှင်းရှင်းလင်းလင်း ဖြစ်နေဖို လိုပါတယ်။
မော်ရင်ဟို က ကျွန်တော့်ဆီ မက်ဆေ့ပိုပြီး ဂုဏ်ပြုခဲ့ပါတယ်။ ကြီးမားတဲ့ အသင်းကြီး ဖြစ်တယ်။ အခုထိလည်း အရှိန်အဝါကြီးတဲ့ အသင်း ဖြစ်တုန်းပဲ၊ အသင်းက လူတွေကလည်း ချစ်စရာကောင်းတယ်လို သူပြောပါတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။
နည်းပြတစ်ယောက်အနေနဲ့ လမ်းကြောင်းတခုခုကို အမြဲရွေးရပါတယ်။ ကျွန်တော်က အမြဲတမ်း ကိုယ်ပိုင် လမ်းကြောင်းတခုကိုပဲ ၁၀၀% ရွေးချယ်ပါတယ်။ နည်းနည်းလေးတော့ Risk ယူရာ ကျတာပေါ့။ ဒါပေမယ့်ကျွန်တော်တိုရဲ့ ကစားပုံကို တကယ်ယုံကြည်တယ်၊ သူတိုလည်း ယုံကြည်လာကြမှာပါ..
Revolution ရယ် လိုတော့ မဟုတ်ပါဘူး။ ဘောလုံးဟာ နောက်တန်းမှာ ငါးယောက်ပဲ ကစားကစား၊ လေးယောက်၊ သုံးယောက်ပဲ ထားထား၊ အခြေခံအချက်အလက်က အများကြီး မကွာခြားပါဘူး။ အဓိက က ကျွန်တော်တိုမှာ ဘယ်လို ကစားရမယ်ဆိုတဲ့ ကိုယ်ပိုင်အတွေးအခေါ် ရှိနေဖိုပါ။
ကျွန်တော်တိုက Recruitment Process တွေ၊ ကစားသမားခေါ်ယူမှုတွေမှာလည်း အသင်းနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရမှာပါ။ ကျွန်တော်က အဓိက ကျတဲ့ နေရာတခုမှာ ရှိချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က နည်းပြ ဖြစ်နေလိုပါပဲ။ အဖွဲအစည်းနဲ့ ပူးပေါင်းလုပ်ဆောင်ရမှာဆိုပေမယ့် နောက်ဆုံး အဖြေက နည်းပြဆီက လာသင့်တယ်လို ထင်ပါတယ်။
တနင်္ဂနွေနေ့ ပွဲကစားတဲ့အခါ ပွဲထွက်လူစာရင်းမှာ အပြောင်းအလဲ အများကြီးတော့ မြင်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကွင်းထဲက အလုပ်လုပ်ပုံတွေ၊ ဘောလုံး လက်ခံယူပုံတွေက ပုံစံအသစ်တွေ ဖြစ်လာမှာပါ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





