“အသင်းက ချန်ပီယံဖြစ်သွားချိန်မှာ ကျွန်တော်ပြောခဲ့တယ်။ ကိုယ့်လူတိုရေ.. ငါ အဝတ်လဲခန်းထဲ နေခဲ့ပါရစေကွာ။ သေချာပျော်ခဲ့ကြ။ ပြီးမှ ဒီအခန်းထဲမှာ ဆုံကြမယ်လေ လိုပေါ့။ ကျွန်တော်က တရာသီလုံး တစ်ပွဲမှ မကစားပေးခဲ့နိုင်ဘူးလေ။
အဲ့ဒီမှာပဲ ကာစီမီရိုက အနားရောက်လာတယ်။ မရဘူး။ မင်း လိုက်ခဲ့ရမယ်တဲ့။ သူ့လို စီနီယာကြီးက ပြောတော့ ကျွန်တော်လည်း နားထောင်ရတယ်လေ။ ကျန်တဲ့အသင်းသားတွေကလည်း ကျွန်တော်က အသင်းရဲ့ တစိတ်တပိုင်းဖြစ်တယ် လို ပြောကြပါတယ်။
ကာစီမီရိုက ဆုတံဆိပ်ပေးခဲ့တဲ့ အပေါ်လား။ ကျွန်တော် တခါပြောဖူးတဲ့အတိုင်းပါပဲ။ သူပေးမှတော့ ကျွန်တော်က ယူရတော့မှာပဲလေ။”
via The Athletic
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





