ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုသည် မနေ့က ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ပူးပေါင်းရန် လစ္စဘွန်းသို သွားရောက်သည့် လမ်းခရီးတွင် လေယာဉ်ပေါ်၌ သတိလစ်သည့် ခရီးသည်တစ်ဦးကို အကူအညီပေးခဲ့သည်။
လေယာဉ်နောက်ဘက်တွင် သတိလစ်မေ့မြောသွားသော ခရီးသည်ကို Toilet သွားရင်း တွေ့မြင်သောအခါ ဘရူနိုက အမြန်သွားရောက် ကူညီခဲ့သည်။ လေယာဉ်နောက်ဘက်ဆီမှ ဘရူနို၏ အော်ဟစ်အကူအညီတောင်းသည့်အသံ ကြားရပြီးနောက် လေယာဉ်ဝန်ထမ်းများက အကူအညီပေးရန် အလျင်အမြန် ပြေးလာကြသည်။
ကူညီမည့်သူများ ရောက်လာသောအခါ ဘရူနိုက နာမကျန်းသည့် ခရီးသည်အား ထိုင်ခုံအပို တွင် ထိုင်စေ၍ အမြန်ဆုံးသက်သာလာစေရန် ကူညီပေးနေသည်ကို မြင်တွေ့ခဲ့ရသည်။
ထိုခရီးသည် ပြန်လည် သတိလည်ကာ ကျန်းမာလာသည်အထိ ဘရူနိုက ထိုနောက်ခုံတွင် လေယာဉ်ဝန်ထမ်းများနှင့်အတူ ကူညီပေးခဲ့ပြီး အချိန်အားဖြင့် ဆယ်မိနစ်ခန့် ကြာမြင့်ခဲ့သည်။
လေယာဥ်ဝန်ထမ်းများနှင့် အခြားခရီးသည်များက ဘရူနို၏ အပြုအမူကို ချီးကျူးခဲ့ကြကြောင်း လေယာဉ်ပေါ်မှ ခရီးသည်တစ်ဦးဖြစ်သူ Susanna Lawson က Business Cloud သတင်းဌာနကို ပြောကြားခဲ့သည်။
via Nathan Salt
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





