ယူနိုက်တက်ကစားသမားများသည် နည်းပြသစ် အဖြစ် ရူဘင်အမ်မိုရင်မ် ရောက်ရလာမည့်အပေါ် စိတ်လှုပ်ရှားတက်ကြွနေကြသည်။
ယူနိုက်တက် အသင်းသားများသည် အမ်မိုရင်မ်၏ စပိုတင်းတွင် လုပ်ဆောင်ပြထားသော စွမ်းဆောင်ရည်ကို သဘောကျနေပြီး လက်ရှိတွင် ကောင်းမွန်သော ရာသီဖြစ်လာအောင် လုပ်ဆောင်နိုင်မည်ဟု အကောင်းမြင်စိတ် ရှိလာသည်။
ယူနိုက်တက် ကစားသမားများက ယာယီနည်းပြ နစ္စတယ်ရွိင်း ၏ စွမ်းဆောင်ရည်အပေါ်လည်း သဘောကျနေပြီး သူ၏ လုပ်ဆောင်ပေးမှုမှာ အံ့မခန်းဖြစ်သည်ဟု မှတ်ယူထားသည်။
အသင်းကစားသမားထဲမှ အများစုသည် နည်းပြဟောင်း တန်ဟာ့ဂ်အပေါ် လေးစားမှုရှိသော်လည်း အပြောင်းအလဲ ဖြစ်လာသင့်ပြီဟု ခံစားလာခဲ့ရသည်။
အမ်မိုရင်မ်သည် သူ၏ လက်ထောက်နည်းပြများကို ခေါ်ဆောင်လာမည်ဖြစ်သဖြင့် နစ္စတယ်ရွိင်း နှင့် အလုပ်အတူတူ ဆက်လုပ်ဖြစ်မဖြစ် မသေချာပါ။ (နစ္စတယ်ရွိင်း ဆက်ရှိ၊ မရှိ မသေချာပါ။)
via Samuelluckhurst
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





