“ကျွန်တော်က မနက်ဖန် စပိုတင်းပွဲကို ကိုင်တွယ်မှာမို စပိုတင်းအတွက်ပဲ အာရုံစိုက်မှာပါ။ နိူဝင်ဘာ ၁၁ ရက် နောက်ပိုင်း ယူနိုက်တက်ကို ကိုင်ရင် ယူနိုက်တက်အတွက်ပဲ လုပ်ဆောင်မှာပါ။
မနက်ဖန် မန်စီတီးကို နိုင်ခဲ့ရင်တော့ ဆာအဲလက်စ်ဖာဂူဆန် အသစ်တစ်ယောက် ရောက်လာပြီလို ပြောကြမှာပေါ့။ ရှုးခဲ့ရင်တော့ ကျွန်တော့်အပေါ်ထားတဲ့ မျှော်လင့်ချက်တချို လျော့ကျသွားမှာပေါ့။ (ရယ်လျက်)
ရလာဒ်အပေါ် မူတည်ပြီး အစ ဆွဲထုတ် ဝေဖန်ကြမှာ သိပေမယ့် ဂရုမစိုက်တတ်ပါဘူး။ မနက်ဖန်ပွဲဟာ အကောင်းဆုံးလိဂ် က အသင်းတစ်သင်းနဲ့ ကစားရမယ်လို သဘောထားပြီးပဲ ကစားမှာပါ။
ကျွန်တော့် Communication skill နဲ့ ပတ်သက်ပြီးတော့လား။ အစပိုင်းမှာတော့ ရိုးရိုးရှင်းရှင်းပဲ ပြောဆိုရင်း စ ရမှာပေါ့။ အင်္ဂလိပ်ဘာသာနဲ့ ပြောရမှာဆိုတော့ အဆင်ပြေပါတယ်။ ပြောဆိုဆက်ဆံမှု အသားကျဖိုတော့ သုံးလ လောက် အချိန်ယူရမယ်ထင်တယ်။ ကစားသမားတွေနဲ့ နည်းပြကြားမှာ Communication က အရေးပါပါတယ်။
ရာသီအစက ဝက်စ်ဟမ်းနဲ့ ဆွေးနွေးဖို လန်ဒန်ကို လာခဲ့တယ်ဆိုတာလား။ ကျွန်တော် လန်ဒန်ကို သွားခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် နည်းပြရာထူး ဆွေးနွေးဖိုသွားတာ မဟုတ်ပါဘူး။ ပိုင်ရှင်နဲ့တွေ့ခဲ့တာပါ။ တကယ်တော့ ကျွန်တော့်ဆုံးဖြတ်ချက်နဲ့ ကျွန်တော် ရှိပြီးသားပါ။
ကျွန်တော် ထွက်ခွာတော့မယ့်အကြောင်း ဖက်ဒရီကို (စပိုတင်းဥက္ကဌ) ကို အသိပေးခဲ့တုန်းကလား။ သူက စိတ်ပြောင်းပြီး စာချုပ်သစ် ချုပ်မယ်ဆိုရင်လည်း ရတယ်နော် လို ပြောခဲ့ပါသေးတယ်။
ယူနိုက်တက်ကို ရွေးချယ်တာဟာ ကျွန်တော်အလိုရှိတဲ့ကလပ်ကို ကျွန်တော်ရွေးလိုက်တာပါ။ စိတ်မတင်မကျဖြစ်စရာ၊ ဆုံးဖြတ်ချက် မပြတ်မသားဖြစ်စရာ အကြောင်း မရှိပါဘူး။
မော်ရင်ဟို အကြောင်းလား။ ဟိုဆေး ကျွန်တော့်အပေါ် ပြောဆိုပြုမူပုံတွေက ကျွန်တော့်အတွက် အများကြီး လွှမ်းမိုးမှုရှိတယ်။ သူသင်ပေးခဲ့တာ ရှိပါတယ်။ မင်းဟာ မင်း ထင်တာထက်ပိုပြီး ကွဲပြားတဲ့ ပိုအောင်မြင်တဲ့သူတစ်ယောက် ဖြစ်နိုင်တယ်တဲ့။ သူက စပယ်ရှယ်နည်းပြတစ်ယောက်၊ ကျွန်တော်တိုအတွက် တံခါးဖွင့်ပေးခဲ့သူပေါ့။”
#Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





