“Hojlund နဲ့ပတ်သက်ပြီး ပြောရရင်တော့တိုက်စစ်မှူးတွေ ကစားပေါက် ချောင်ဖိုက ကွင်းလယ်လူတွေ အပေါ်လည်း မူတည်ပါတယ်။ Hojlund ဒီနေ့ တော်တော်ကြိုးစားပါတယ်။ ဒါပေမယ့် သူ ယူနေခဲ့ရတဲ့နေရာတွေက တိုက်စစ်မှူးတစ်ဦး ဂိုးသွင်းနိုင်ဖို အဆိုးဆုံးနေရာတွေချည်း ဖြစ်နေတယ်။
အသင်းက ပုံစံကောင်းမရတဲ့အခါ တိုက်စစ်ကစားသမားက အနည်းငယ် စတေးခံပြီး ဖြည့်ကစားပေးရတယ်။ ဒါပေမယ့် ဂိုးမရတဲ့အခါ တိုက်စစ်ကစားသမားကိုပဲ ဖိပြီး ဝေဖန်ကြပြန်ရော။
ဒါပေမယ့် ပင်နယ်တီကတော့ ကံကောင်းခဲ့တယ်လို ဆိုရမှာပါ။ ပင်နယ်တီရခါနီး Hojlund ရဲ့ First Touch က မကောင်းခဲ့ပါဘူး။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





