“အနိုင် မရခဲ့တာကို စိတ်ပျက်မိပါတယ်။ တော်တော်ကောင်းတဲ့ အခွင့်အရေးတွေရခဲ့တာပါ။ တစ်ဂိုးထက်တော့ ပိုပြီး ရခဲ့သင့်တယ်လို မြင်ပါတယ်။ ဒါပေမယ့်လည်း ကြိုးစားကစားခဲ့ကြတာ တွေ့ရပါတယ်။ ကစားပုံအပေါ် ကျေနပ်မှုရှိပါတယ်။
အမ်မိုရင်မ်လား။ သူ့အကြောင်းကို ပိုထဲထဲဝင်ဝင် သိရှိအောင် လေ့လာနေပါတယ်။ သူ ပေါ်တူဂီမှာ လုပ်ပြခဲ့တာ အံ့မခန်းပါ။ ကျွန်တော်က အသင်းရဲ့ တိုးတက်ရာတိုးတက်ကြောင်းအတွက် ကူညီသွားမှာပါ။ အဲ့ဒါ ကျွန်တော့်ရည်မှန်းချက်ပါ။
မာတီနက်ဇ် ရဲ့ ဖျက်ထုတ်မှုအပေါ်လား။ ကျွန်တော် ရပ်နေခဲ့တဲ့ ကွင်းဘေးစည်းက အဲ့ဒီ မြင်ကွင်းကို သေချာမမြင်ခဲ့ရပါဘူး။ တိကျတဲ့ သုံးသပ်မှုပေးနိုင်ဖိုဆိုတာ သေချာမြင်ခဲ့ရဖို လိုတယ်မဟုတ်လား။
ကျွန်တော် ဒီအသင်းရဲ့ ထုံးတမ်းစဥ်လာတွေအကြောင်း ကစားသမားတွေကို မျှဝေပြောကြားပါတယ်။ ပရိသတ်တွေအကြောင်း၊ ဒီအသင်းအတွက် အကောင်းဆုံး ကစားပေးသင့်ကြောင်း ပြောပြီး အမြဲ ကူညီပေးဖြစ်ပါတယ်။
အခုဆိုရင် ကလပ်အသင်းမှာ နည်းပြသစ် ရောက်လာဖို မဝေးတော့ပါဘူး။ လက်ရှိမှာတော့ လာမယ့် နှစ်ပွဲ အပေါ်မှာ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ အဲ့ဒီနှစ်ပွဲလုံးကလည်း အရေးကြီးပါတယ်။ နေ့ရက်တိုင်းမှာ အသင်းအတွက် ပိုကောင်းအောင် ကြိုးစားနေကြပါတယ်။
အဖွင့်ဂိုးရတဲ့ အခိုက်အတန့်လား။ အိုးထရက်ဖိုမှာ ဂိုးရတဲ့အခါတိုင်း ခမ်းနားပါတယ်။ ဒီလို အချိန်အခါမျိုးဆို စက္ကန့်တိုင်းကို သဘောကျပါတယ်။ ဘရူနိုကလည်း ဂိုးဝင်အောင် ကန်သွင်းပြီး သူ့ခံစားချက်တွေကို ဖော်ပြခဲ့တယ်။
ဒီပွဲတွေအရ ကောင်းမွန်တဲ့ ရက်သတ္တပတ် တစ်ခုလို ဆိုနိုင်ပါတယ်။ ရိုလာကိုစတာလို အနိမ့်အမြင့်တွေ များခဲ့ပါတယ်။ အများကြီး ဖြစ်ပျက်ခဲ့ပေမယ့် ကျွန်တော့်တာဝန်က သင်္ဘောတစီး တည်ငြိမ်သွားအောင် ခေတ္တထိန်းပေးရသလိုမျိုးလေ။ နည်းပြသစ် ရောက်လာရင်လည်း သူ့ကိူ ကူညီပံ့ပိုးပေးသွားပြီး အသင်းအတွက် အထောက်အကူပြုပေးချင်ပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





