“မနှစ်က ပင်နယ်တီလွဲပေမယ့် ဒီနှစ် ဝင်အောင် ကန်နိုင်ခဲ့တဲ့အပေါ်လား။ ဂိုးသမားရဲ့ပုံစံကို ကြည့်ပြီး ကျွန်တော် ကန်သွင်းတဲ့ပုံစံကို လိုက်ပြောင်းရတာပါ။ ဒီတခါ အလုပ်ဖြစ်သွားခဲ့တယ်။
ပွဲရလာဒ်အပေါ်တော့ ဒီထက် ပိုရခဲ့သင့်တယ်လိုမြင်ပါတယ်။ ကျွန်တော်တို အနိုင်ရခဲ့သင့်တယ်။ ကျွန်တော်တို နစ္စတယ်ရွိင်း အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားကစားပေးပါတယ်။ သူကလည်း ထိုက်တန်ပါတယ်။
အဲရစ်တန်ဟာ့ဂ် အပေါ်လား။ နည်းပြတစ်ဦးထွက်ခွာတာ အသင်းအတွက် မကောင်းပါဘူး။ ကျွန်တော်တို အပေါ်မှာလည်း တာဝန်ရှိတယ်။ ကစားသမားတွေဘက်ကလည်း တာဝန်ယူမှုရှိရမယ်။ နည်းပြ ထွက်ခွာတယ်ဆိုတာ ကစားသမားတွေအပေါ်လည်း မူတည်တယ်လေ။
အမ်မိုရင်မ်နဲ့ တစ်ကြိမ်နှစ်ကြိမ် တွေ့ဖူးပါတယ်။ စပိုတင်းပွဲတွေ ပြန်သွားအားပေးရင်း ခဏ စကားပြောဖူးတာပါ။ ကျွန်တော်လာခဲ့တဲ့ အသင်းဖြစ်တာမို စပိုတင်း ပွဲတွေကိုတော့ အမြဲလိုလို ကြည့်ဖြစ်ပါတယ်။ သူတိုဘယ်လို ကစားလဲ သိပေမယ့် နည်းပြတစ်ဦး ဘာတွေ တွေးတောကြံဆလဲ ဆိုတာတော့ မသိဘူးပေါ့။ သူလာရင် ဘယ်လိုတွေ ကစားမလဲဆိုတာကို လက်စတာနဲ့ပွဲပြီးရင် ဆက်တွေးရမှာပါ။
တကယ်တော့ ကျွန်တော့်အတွက် သွင်းဂိုးတွေ၊ ဖန်တီးမှုတွေလိုအပ်ပါတယ်။ ကြားရက်ဖလားပွဲတွေမှာ ဂိုးရပေမယ့် ပရီးမီးယားလိဂ်မှာ မရလို စိတ်မပျော်ရွှင်ခဲ့ရတာ ဒီနေ့မှပဲ ဂိုးရပါတော့တယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





