ဖရန့်လမ်းပတ် က
“ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ Pressing အဆိုးဝါးဆုံး အသင်းပဲ။”
ဂယ်ရီနဗီးက
“အန်ဇိုမာရက်စကာ စိတ်ပျက်ကောင်း စိတ်ပျက်နေလိမ့်မယ်။ သူ့အသင်းက ပိုမိုရင့်ကျက်တဲ့ ကစားပုံကို ပြသနိုင်ခဲ့တယ်လို ထင်တယ်။ ဒါပေမယ့် တစ်ပွဲလုံး အတိုင်းအတာအရတော့ စိတ်ပျက်စရာပွဲတစ်ပွဲပါပဲ။”
BBC တွင် Chris Sutton၏ ပြောကြားချက် မှာ..
“အမ်မိုရင်မ်က ကစားသမားသစ် ဘယ်နယောက်တောင် ခေါ်ဖိုလိုလာမလဲမသိဘူး။ သူ တကယ့်ကို ကြောက်စရာ နည်းပြထိုင်ခုံပေါ် တက်ထိုင်ရမှာ။ ဒီနေ့ပွဲဆိုလည်း ယူနိုက်တက်က ပုံမှန်လေးပဲ ကစားသွားနိုင်ခဲ့တာ။”
ဂျေမီရက်နပ်က
“အရက်မူးနေကြသလိုဖြစ်နေတယ်။ ယူနိုက်တက်က ဒီတစ်ရာသီလုံး ဒီ့ထက်ဆိုးခဲ့ပြီးသားပါ။ အသင်း ကစားသမားတွေက ယုံကြည်မှုတွေပဲ ပျောက်ဆုံးနေကြတာလား။ ဘာတွေဖြစ်နေကြတာလဲ။ သေချာတာတော့ အမ်မိုရင်မ် အများကြီး ပြောင်းလဲရလိမ့်မယ်။ တချိုကစားသမားတွေက ထွက်ရလိမ့်မယ်။”
ရွိင်ကိန်းက
“ယူနိူက်တက်က အခိုက်အတန့် လေးတွေကနေ ဂိုးရမလားဆိုပြီးပဲ ကစားနေခဲ့တာ။ လုံလောက်အောင် ကောင်းနေတာ မဟုတ်ခဲ့ဘူး။ ဂိုးတွေမရခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ ပြောရရင် ဒီနေ့ ကစားပုံဟာ မကောင်းဘူး။ မာတီနက် ဖျက်ထုတ်တဲ့ပုံကလည်း အန္တရာယ်များလိုက်တာ။ သူကံကောင်းသွားတာ။”
via Skysport
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





