“ချယ်လ်ဆီးနဲ့ပွဲကို ဆက်လက်ကိုင်တွယ်ရမယ်ဆိုတာ သိခဲ့ပြီးသားပါ။ ဟုတ်ပါတယ်။ ဒါက ယာယီ တိုတောင်းတဲ့ ကာလ လေးပါ။ ဒါကို အသင်းနဲ့ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောကြားပြီးသား ဖြစ်သလို ကျွန်တော်ကလည်း ပျော်ရွှင်နေတယ်လေ။
အဲရစ်တန်ဟာ့ဂ်နဲ့ တနင်္လာနေ့မှာ တွေ့ခဲ့ပါတယ်။ လက်စတာနဲ့ပွဲမတိုင်ခင်မှာလည်း စကားပြောခဲ့ပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲအပြီး သူစိတ်ပျက်နေခဲ့တာ။ ဒါကလည်း သူက အသင်းအပေါ် ဂရုစိုက်တဲ့သူမိုလေ။ သူ ထွက်သွားခါနီး နာကျင်နေတာကို သိသလို တချိန်တည်းမှာ သူစွမ်းဆောင်ပေးခဲ့တဲ့ ဆုဖလားနှစ်လုံးအတွက် ဂုဏ်ယူရမှာပါပဲ။
ကျွန်တော့်ကို ဒီပွဲတွေကိုင်တွယ်ဖို တာဝန်ပေးတယ်ဆိုတာ ကလပ်အသင်း ဒီ့ထက်ရှေ့ကိုရောက်အောင် ဒီကာလမှာ ကူညီခွင့် ပေးတဲ့သဘောပါပဲ။ တကယ်တော့ အဲရစ်တန်ဟာ့ဂ် ထွက်ခွာတုန်းက ကျွန်တော့်မှာ ခံစားချက်မျိုးစုံနဲ့ ဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကွင်းထဲ လာအားပေးတဲ့ ပရိသတ် ၇၅၀၀၀ ကျော်၊ အိမ်မှာ အားပေးတဲ့ ပရိသတ်များစွာ.. သူတိုအတွက် ကြိုးစားပေးရဦးမယ်လေ။ တနင်္ဂနွေနေ့မှာလည်း ဒီလို ခံယူချက်နဲ့ပဲ ကြိုးစားသွားမှာပါ။
ကျွန်တော့် Team Talk က လား။ ယူနိုက်တက်အတွက် ကစားပေးရတယ်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ပြောပြတယ်။ ကွင်းထဲက ပရိသတ်တွေ သီဆိုတဲ့ သီချင်းသံတွေက ဘယ်လိုအဓိပ္ပါယ်၊ နောက်ခံအကြောင်းအရာတွေရှိတယ်ဆိုတာ ရှင်းပြတယ်။ ဒီလို ချစ်စရာ ခံစားချက်တွေကို ကစားတဲ့နေရာမှာ ဘယ်လိုသယ်ဆောင်သွားသင့်ကြောင်း ပြောတယ်လေ။ အသင်းသားတွေဆီက အကောင်းဆုံးစွမ်းရည်ကို ထုတ်ယူပေးဖို ကျွန်တော့်မှာ တာဝန်ရှိပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်နဲ့ စကားပြောခဲ့ပါတယ်။ သူက ကျွန်တော် ကံကောင်းဖို ဆုတောင်းပေးတယ်။ ကျွန်တော့်အကြောင်းနဲ့ အသင်းအကြောင်းကို ခဏတာတွေ့ဆုံခိုက်မှာ နည်းနည်းစီပြောခဲ့တယ်။ သူအဓိက ပြောခဲ့တာကတော့ ကျွန်တော် အဆင်ပြေစေဖို မျှော်လင့်နေမယ်ဆိုတဲ့အကြောင်းတွေပါပဲ။
၂၀ဝ၆ မှာ ဒီက ထွက်ခွာပြီး ရီးရဲလ်ကို သွားခဲ့တယ်။ အဲ့ဒီတုန်းက နည်းပြဖြစ်ရမယ်လိုတောင် မတွေးထားမိပါဘူး။ အခုတော့ ချစ်ရတဲ့အသင်းကို ပြန်လာပြီး မိတ်ဆွေဟောင်းတွေနဲ့လည်း တွေ့ရတယ်။ ဒီမှာဆက်နေပြီး အသင်း ရည်မှန်းချက်တွေ အောင်မြင်အောင် ကူညီပေးဖိုက ကျွန်တော့်ရဲ အကြီးမားဆုံး ပန်းတိုင်တစ်ခုပါပဲ။
လက်ထောက်နည်းပြအဖြစ် လာခဲ့တယ်၊ အခု ယာယီနည်းပြ၊ တဖန် (နည်းပြသစ် ရောက်လာရင်) လက်ထောက်နည်းပြအဖြစ် ပြန်နေမှာပါ။ ကျွန်တော်က ဒီမှာ အခုရာသီနဲ့ နောက်ရာသီ နေဖို စာချုပ် ချုပ်ဆိုထားတာပါ။ နည်းပြအသစ် ရောက်လာခဲ့ပြီး အခြေနေအရပ်ရပ် ဆွေးနွေးပြီးရင် ဘာတွေဆက်ပြီး လုပ်ဆောင်ကြမယ်ဆိုတာ ရုပ်လုံးပေါ်လာမှာပါ။
ဒီရာသီ ဘာတွေမှားယွင်းခဲ့တာလဲ ဆိုတဲ့အပေါ်လား။ တကယ်တော့ ဘောလုံးမှာက အဆုံးမှာတော့ ရလာဒ်ပါပဲ။ ရလာဒ်က အရေးကြီးဆုံးဖြစ်သွားတာပေါ့။ ရာသီကြိုပွဲတွေတုန်းက ကျွန်တော်တိုမှာ ကစားပုံအသစ် ရှိခဲ့တယ်။ အဆင်ပြေလာတယ်လို ထင်ခဲ့ရသေးတယ်။ ဒါပေမယ့်လည်း ရှင်းပြဖိုခက်တဲ့အရာတွေ ရှိနေခဲ့ပါတယ်။ ဘရိုက်တန် ဂိုးရသွားတာတွေ၊ ဂါနာချိုရဲ့ ဂိုးပြီထင်တဲ့ ကန်ချက် ဇာ့ခ်ဇီ နဲ့ ထိသွားလို ဂိုးမရတော့တာတွေ စသဖြင့်ပေါ့။
ဟုတ်ပါတယ်။ ရလာဒ်ပါပဲ။ ပွဲတစ်ပွဲ ပြီးတိုင်း ငါတို ဒီ့ထက် ရလာဒ်ကောင်း ရခဲ့သင့်တာကွာဆိုပြီး မချိတင်ကဲ ဖြစ်ခဲ့ရတာ မနည်းပါဘူး။ ကျွန်တော်အခုပြောတာ ပဲလေ့စ်နဲ့ပွဲပါ။ ဝက်စ်ဟမ်းနဲ့ပွဲပါ။ ဖီနာဘာချီ နဲ့ပွဲပါ။ ပေါ်တိုနဲ့ပွဲပါ။ ရလာဒ်ဟာ အဖြေဖြစ်ပြီး ဒါဟာ ကျွန်တော်တို အလုပ်ရဲ့ တစိတ်တဒေသ ပါပဲ။
ရူဘင်အမ်မိုရင်မ် ရဲ့ ကစားကွက်နဲ့ ကစားမှာလားဆိုတော့ သူ့ကို ကြေညာပြီးပြီလား။ မကြေညာရသေးတဲ့ နည်းပြတစ်ဦးအကြောင်းတော့ ပြောလိုမရသေးဘူးလေနော်။ လာမယ့်ပွဲတွေ ကစားမှာ ကျွန်တော့်ရဲ့ အသင်းပါ။”
#Kendrix
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





