“သဘောတူညီမှု ရပြီလို သိထားတာလား။ ခင်ဗျားတို ဒီအကြောင်းပြောဖိုပဲ ရောက်လာတယ်ဆိုတာ ကျွန်တော်သိပါတယ်။ နားလည်းလည်တယ်။ ဒါပေမယ့် ဒီတစ်ပွဲလောက် ပြီးအောင် စောင့်ပေးပါ။
စာချုပ်ဖျက်သိမ်းကြေး ထားရှိတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလိုကိစ္စ တွေ နှစ်သင်းကြားဆွေးနွေးတယ်ဆိုတာ ဘယ်တော့မှ ထင်သလောက်မလွယ်ပါဘူး။ အဆင့်တွေအများကြီးရှိပါတယ်။
အခုပွဲ ကစားပြီးတာနဲ့ မေးခွန်းအားလုံး တစ်ခုမကျန် ဖြေပါမယ်။ လောလောဆယ်တော့ အသင်းနဲ့အတူ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရဖိုပဲ အာရုံစိုက်ထားပါတယ်။ ဒီပွဲ ပြီးတာနဲ့ တကယ် ရှင်းရှင်းလင်းလင်း ဖြေပါမယ်။ အခုအများကြီး စကားပြောနေခြင်းက အသင်းတွင်း မငြိမ်မသက်ဖြစ်စေမှာစိုးလိုပါ။
ပရီးမိးယားလိဂ်ကို သဘောကျလားလို မေးတာလား။ ပရီးမီးယားလိဂ်ရဲ့ အရာရာတိုင်းကို သဘောကျပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
Subscribe





