“အားလုံးတွေးထားကြသလိုပဲ ကျွန်တော် စိတ်ခံစားချက်မျိုးစုံနဲ့ ဒီစာကို ရေးရပါတယ်။ နွေတုန်းက ကျွန်တော့်ကို အိုးထရက်ဖိုဆီ ခေါ်ယူခဲ့သူက အဲရစ်တန်ဟာ့ဂ်ပါ။ နည်းပြအဖွဲဝင်အဖြစ် ဒီမှာ လအနည်းငယ်ပဲ ရှိခွင့်ရခဲ့ပါတယ်။ အဲရစ်တန်ဟာ့ဂ်ရဲ့ ထွက်ခွာမှုအပေါ် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒီကို ခေါ်လာပေးတဲ့အတွက် သူ့ကို အမြဲကျေးဇူးတင်နေမှာပါ။
ယာယီနည်းပြရာထူး ဖြစ်နေစေကာမူ ကျွန်တော်ချစ်မြတ်နိုးတဲ့ ကလပ်အသင်းအတွက် နည်းပြခွင့်ရတာ အထူးဂုဏ်ယူစရာပါပဲ။ အချိန်ကာလ ဘယ်လောက် နည်းပြခွင့်ရသည်ဖြစ်စေ ကျွန်တော်ကိုယ်စွမ်းကိုယ်စ ရှိသလောက် အားထုတ်ပြီး အသင်းရဲ့ လမ်းကြောင်း တည့်မတ်အောင် စွမ်းဆောင်ပေးမှာဖြစ်ကြောင်း ကတိပေးပါရစေ။
ဒီရာသီ ရလာဒ်တွေ ထင်သလို မကောင်းခဲ့ပေမယ့် အခုအချိန်ရှိတုန်းလေးမှာ အားလုံး စုစုစည်းစည်းနဲ့ အကောင်းဆုံးအခြေနေတွေဖြစ်အောင် ရုန်းထရအောင်ပါ။ ဒီမှာ ကစားသမားအနေနဲ့ရော၊ နည်းပြအနေနဲ့ရော အတွေ့ကြုံတွေရှိထားတာမို ယူနိူက်တက်ဟာ ထိန်းမရအောင် ပြန်အောင်မြင်နိုင်တယ်ဆိုတာ ကျွန်တော်သေချာသိပါတယ်။
ကျေးဇူးတင်စရာကောင်းတာက ပွဲစဥ်ဇယားတွေအရ အရှိန်မှန်မှန်နဲ့ ရလာဒ်ကောင်းတွေ ဆက်တိုက်ရယူဖို အချိန်အခါကောင်းတစ်ခု ရှိနေတာပါ။ ဒီည လက်စတာနဲ့ပွဲကစလို အရှိန်အဟုန်ကောင်းတွေဆက်တိုက် ဖန်တီးရပါမယ်။
ကျွန်တော် ယူနိုက်တက်ဆီ အခုနွေမှာ ပြန်လာဖို ဆုံးဖြတ်ခဲ့တဲ့ အဓိကအချက်က ကျွန်တော် ကစားသမားဘဝတုန်းက ဒီမှာရှိခဲ့စဥ်ကလို အနေထားမျိုး ပြန်ရောက်အောင် ကြိုးစားပေးနိုင်မယ်လို ယုံကြည်လိုပါ။ အခုထိလည်း ယုံကြည်နေဆဲပါ။ အချိန်တခုယူဖိုနဲ့ အများကြီး ကြိုးစားဖိုတော့လိုပါတယ်။
ပထမဆုံးအနေနဲ့ အနိုင်ယူတတ်တဲ့ အလေ့အကျင့်ကို ပြန်လည် မွေးမြူရမှာပါ။ အိုးထရက်ဖိုမှာ ကစားမယ့် ဒီညပွဲက စ လိုက်ရအောင်ပါ။ ပရိသတ်တွေလည်း အတူတကွ ရှိနေမယ်လို ယုံကြည်ပါတယ်။ ကစားသမားတွေကို ဆက်လက်ယုံကြည် အားပေးပေးပါဦး။ ဝင်ဘလေ ကို သွားနိုင်ဖို ကျွန်တော်တို ဒီည ကြိုးစားကစားကြပါမယ်။”
နစ္စတယ်ရွိင်း
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





