ယူနိုက်တက်သည် နွေရာသီကတည်းက အမ်မိုရင်မ် ကို ခေါ်ယူရန်ဆန္ဒရှိခဲ့သော်လည်း နှစ်ဦးနှစ်ဖက်လုံးက အချိန်ကောင်းမဟုတ်သေးဘူးဟု တွက်ဆခဲ့ကြသည်။
ယူနိူက်တက်က အဲရစ်တန်ဟာ့ဂ် ဘာဆက်လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်လိုခဲ့သလို ထိုစဥ်အချိန်က အမ်မိုရင်မ်၏ စာချုပ်ဖျက်သိမ်းကြေးပမာဏသည်လည်း ယခုထက် ပိုမြင့်မားခဲ့သည်။
Omar Berrada ကမူ ထိုအချိန်တည်းက အမ်မိုရင်မ်ကို ခေါ်ယူရန် အဓိက တွန်းအားပေးနေခဲ့သည်။
ယူနိူက်တက်တာဝန်ရှိသူများက ရူဘင်အမ်မိုရင်မ်သည် အသက်ငယ်သော်လည်း အရည်အချင်းပြည့်ဝပြီး အသင်းကိုဆွဲဆောင်မှုရှိသော ကစားဟန် ယူဆောင်ပေးနိုင်မည့်သူဟု ယုံကြည်ထားသည်။ သူ၏ ခံစစ်သုံးယောက် ကစားပုံကလည်း အသင်းအတွက်လုံးဝ ပြဿနာမရှိဟု ယူဆထားသည်။
via The Athletic
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





