“ကျွန်တော် ဒိုင်လူကြီးတွေနဲ့ အချေအတင် စကားပြောခဲ့ပါတယ်။ ဒါပေမယ့် သူတို ဆုံးဖြတ်ချက်က အတည်ပြုပြီးနေပြီ။ ပြန်ပြင်လိုလည်း မရတော့ဘူး။ နောက်ဆုံးတော့ ဒါက ဘောလုံးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါပဲပေါ့။
အခုတကြိမ်ဟာ ကျွန်တော်တိုအတွက် ဒီရာသီမှာ လုံးဝ တရားမျှတမှု မရှိဘူးလို အခိုင်အမာ ဆိုနိုင်လောက်တဲ့ တတိယအကြိမ်ပါ။ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တာ်တိုအသင်း၊ ကျွန်တော်တိုရဲ့ ရလာဒ်၊ ကျွန်တော်တိုရဲ့ ဇယားရပ်တည်မှု အပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပါတယ်။
ကျွန်တော်တို ဂိုးတွေရခဲ့သင့်တယ်။ အခွင့်အရေးတွေ တပုံတပင်ရခဲ့တယ်။ နှစ်ဂိုး သုံးဂိုးလောက်သွင်းပြီး ဦးဆောင်ထားနိုင်ခဲ့သင့်တယ်။ ဒုတိယပိုင်းမှာ သူတိုကို ပြန်လာခွင့်ပေးခဲ့မိတယ်။ ကျွန်တော်တို ခံနိုင်ရည် နဲ့ မာကြောမှုတချိုပြသနိုင်ပေမယ့် အဲ့ဒီအခိုက်အတန့်မှာပဲ မမျှတတဲ့ ပင်နယ်တီက ပွဲကိုပြောင်းလဲစေခဲ့ပါတယ်။”
အဲရစ်တန်ဟာ့ဂ်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





