“ကျွန်တော့်ရဲ့ ယူနိုက်တက် ကစားသမားဘဝ ငါးနှစ်တာ ခရီးစဥ်တစ်ခုလုံးအတွက် ဂုဏ်ယူပါတယ်။ အတက်အကျတွေတော့ များခဲ့ပါတယ်။ ကျွန်တော် ဆုဖလားနှစ်လုံး ရယူနိုင်ခဲ့ပြီး အဲ့ဒီက အတွေ့အကြုံတွေဟာ အံ့မခန်းပါပဲ။
အသင်းဖော်ဟောင်းတွေ နဲ့ ပြန်လည်ရင်ဆိုင်ရမယ့်အပေါ်လား။ စိတ်လှုပ်ရှားပါတယ်။ သူတိုနဲ့ မဆုံတာ ကြာပါပြီ။ ဝမ်းနည်းဝမ်းသာ ဖြစ်ရတာပေါ့။ ကျွန်တော်လည်း အနိုင်ရချင်တာကိုး။ ရိုးရိုးသားသား ပြောရရင်တော့ ဒီကို ပြောင်းလာပြီးတည်းက ပွဲဆက် လေ့ကျင့်နေရတာနဲ့ ယူနိုက်တက်ပွဲတွေကို သိပ်မကြည့်ဖြစ်ခဲ့ပါဘူး။ မကြည့်ဖြစ်ပေမယ့် သူတို ဘယ်လိုစွမ်းဆောင်နိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





