“ပွဲဆက် များလွန်းပါတယ်။ ကျွန်တော်တို ဒီတစ်ည တူရကီမှာ နေပြီးတာနဲ့ လန်ဒန်ကို ချက်ချင်း ခရီးနှင်ရမှာပါ။ စနေနေ့တရက် လန်ဒန်မှာ လေ့ကျင့်ခန်းဆင်းပြီး ဝက်စ်ဟမ်း နဲ့ ကစားရမှာပေါ့။
ဘရူနို လား။ သူ ပြန်လည် ပါဝင်လာဖို မျှော်လင့်ပါတယ်။ အီဗန် ရှိသေးတယ်။ သူလည်း ပြန်လည် ပါဝင်လာဖွယ်ရှိပါတယ်။
ဒဏ်ရာတွေကတော့ ကျွန်တော်တို Level ကို ဆွဲချနေပါတယ်။ ဒဏ်ရာတွေများလာတဲ့အခါ ကစားသမား ရွေးချယ်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးလူစာရင်းကို ရွေးချယ်နိုင်ဖိုဆိုရင် ကြံ့ခိုင်မှုပြည့်ဝတဲ့ ကစားသမားတွေ များများ ရှိဖိုလိုပါတယ်။
အန်တိုနီရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိသေးပါဘူး။ ဆရာဝန်တွေနဲ့ Physio တွေ သုံးသပ်နေကြဆဲ ဖြစ်ပြီး သိရတာနဲ့ ခင်ဗျားတိုကို ပြောပါမယ်။ တနင်္ဂနွေနေ့ ပွဲစဥ်မှာ သူ ပါနိုင်မလားဆိုတာ ကျွန်တော် မသိသေးပါဘူး။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





