“ကျွန်တော့်အနာဂတ်အကြောင်းလား။ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခါနီးပြီ ဆိုတာက မှန်ပါတယ်။ ကျွန်တော်ဆက်ရှိမယ်၊ မရှိဘူး ဆိုတာက အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲ မူတည်ပါတယ်။ နွေရာသီရောက်မှ စာချုပ်သစ် ကမ်းလှမ်းလာလည်း ကျွန်တော်ကတော့ အဆင်ပြေပါတယ်။
ကျွန်တော် ကစားတဲ့နေရာက 6, 8, လား.. 10 လား.. ဘယ်နေရာ ဖြစ်ဖြစ် အဆင်ပြေပါတယ်။ ဘယ် System မှာအဆို အံဝင်အောင် ကစားနိူင်တယ်လို ကျွန်တော် ယုံကြည်မှု အပြည့်ရှိတယ်။ ပွဲတိုင်းက ခက်ခဲတော့ တစ်ပွဲချင်းကို မတူညီတဲ့ စုဖွဲပုံမျိုးနဲ့ ရင်ဆိုင်သင့်တယ်လိုတော့ ထင်ပါတယ်။
ပွဲတိုင်း ကစားနေရဖို မလွယ်ဘူးဆိုတာ နားလည်ပြီးသားပါ။ ဒီ နှစ်ရာသီအတွင်း ကျွန်တော် ကစားလိုက်၊ နားလိုက်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အတွက် ကစားပေးရတာ ပျော်ရွှင်ပါတယ်။ ဘယ်သူ က ကစားဖိုသင့်တော်လဲဆိုတာ မန်နေဂျာက ဆုံးဖြတ်ရတာလေ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





