“ဟိုဆေး (မော်ရင်ဟို) နဲ့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်အပိုင်းအခြားတွေမှာ ဆုဖလားတွေ များစွာ ရယူထားနိုင်တဲ့ နည်းပြတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရေးကြီးတာက နှစ်စဥ်နှစ်တိုင်း အောင်မြင်တဲ့ ရလာဒ်ထွက်အောင် စွမ်းဆောင်ပေးဖို လိုတာပါ။ ကိုယ့်ကိုယ်ကို သက်သေမပြနိုင်တဲ့ နှစ်တွေမှာ အဝေဖန်ခံရမှာပဲ။ ဒါကို ကျွန်တော်တို နှစ်ဦးလုံး သိပါတယ်။
မန်ချက်စတာယူနိုက်တက်က ဟိုဆေး ထွက်ခွာပြီးတည်းက ဥရောပဖလား မရတော့ဘူး။ ပြည်တွင်းဖလား တွေတော့ ကျွန်တော်နဲ့ ရတယ်ပေါ့လေ။ ဒါကို သိပါတယ်။ ဒီနှစ် ဥရောပဖလား မှာလည်း အခုချိန်ထိ နှစ်မှတ်ပဲ စုဆောင်းနိုင်ပါသေးတယ်။ ဒါဟာလည်း မလုံလောက်မှန်း ကျွန်တော်သိပါတယ်။ ကျွန်တော်တို ဘာလုပ်ရမလဲဆိုတာ နားလည်တယ်။ နိုင်ပွဲတွေ ယူရမှာဖြစ်ပါတယ်။
မေဆန်မောင့် ဒဏ်ရာကတော့ဗျာ။ မှန်းထားတာထက် နည်းနည်းတော့ ပိုကြာသွားတယ်။ ဒါပေမယ့် သူ မကြာခင် ပြန်ကစား နိုင်မယ်လိုတော့ ထင်ပါတယ်။
တွမ်တီး ကို သရေကျခဲ့တဲ့ပွဲအပြီးမှာ တိုးတက်လာတာ တွေကို မြင်ပါတယ်။ ယုံကြည်မှု ပြန်တည်ဆောက်ရမယ့် အပိုင်းတွေမှာ တိုးတက်လာပါတယ်။ ပွဲတွေ မနိုင်တာများလာရင်တော့ ယုံကြည်ချက် က ကျဆင်းလာမှာပဲလေ။ သရေကျတဲ့ ပွဲမှာတောင် ကျွန်တော်တိုက ရှုးသွားသလို ခံစားရပါတယ်။
တကယ်တော့ ယူရိုပါလိဂ်ပွဲဆက်တွေ များပေမယ့် ကိုင်တွယ်ဖြေရှင်းသွားရမှာပါပဲ။ ကစားသမားတွေကလည်း လေ့ကျင့်နေရမှာထက်စာရင် ပွဲကစားနေရဖို ပိုစိတ်အားထက်သန်ပါတယ်။ ကစားသမားအင်အား တောင့်တင်းပြီး ဒဏ်ရာကင်းစင်လေ၊ ပွဲကစားဖို ပို ပျော်ရွှင်လေ ပါပဲ။ ဒဏ်ရာတွေများလာရင်တော့ ပြင်ဆင်ရတာ သိပ်ခက်ခဲတယ်လေ။
လက်ရှိမှာတော့ အသင်းရဲ့ ကစားသမားအင်အားက အဆင်ပြေတယ်လို ထင်ပါတယ်။ အတွေ့ကြုံတွေလည်း ရှိကြတယ်။ ခက်ခဲတဲ့ အခြေနေတွေလည်း ရင်ဆိုင်ဖူးတော့ ရှေ့ကိုဆက်သွားဖို တက်တက်ကြွကြွနဲ့ အသင့်ဖြစ်နေပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





