🎙️|”ကျွန်တော်က မန်ချက်စတာယူနိုက်တက်ကို အကောင်းတွေချည်း ဖြစ်လာစေဖို အမြဲ ဆုတောင်းပေးခဲ့သူပါ။ ကျွန်တော်အဲ့ဒီမှာ ပျော်ရွှင်ခဲ့ပါတယ်။ ယူရိုပါလိဂ် ဖလား ရခဲ့တယ်။ လိဂ်မှာ ဒုတိယ ရခဲ့တယ်။ တကယ်လို စီးတီးသာ အပြစ်ပေးခံရရင် အဲ့ရာသီက ဖလားလည်း ယူနိုက်တက်က ရနိုင်ပါသေးတယ်။ ဒါဆိုရင် ကျွန်တော်လည်း Bonus နဲ့ ဆုတံဆိပ် ရနိုင်သေးတာပေါ့။
ယူနိုက်တက်နဲ့ လမ်းခွဲတော့လည်း အသင်းနဲ့ရော၊ ပရိသတ်တွေရောနဲ့ ကောင်းမွန်တဲ့ ခံစားချက်တွေနဲ့ပဲ လမ်းခွဲခဲ့တာပါ။ သူတိုအတွက် ကောင်းကောင်း လုပ်ဆောင်မပေးနိုင်ခဲ့ဘူးလို ကျွန်တော်ယူဆရင် ကျွန်တော် ပျော်ရွှင်နိုင်မှာ မဟုတ်ပါဘူး။
လက်ရှိမှာက ကျွန်တော်အနေနဲ့ ယူနိုက်တက် နည်းပြ မဟုတ်တော့ပါဘူး။ သူတိုအနေနဲ့ ဖီနာဘာချီ ကို ကြောက်နေမယ်ဆိုတဲ့ အကြောင်းလည်း တချက်မှ မရှိပါဘူး။ ဒါပေမယ့် လွယ်ကူမယ်လိုလည်း တွေးလာလို မရပါဘူး။ သူတို အင်အားအပြည့်နဲ့ အကောင်းဆုံး လာရောက်ယှဥ်ပြိုင်လိမ့်မယ်လို ထင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်။
ယူနိုက်တက်ရဲ့ လက်ရှိအခြေနေအပေါ်လား။ ကျွန်တော်ပြောရင် Mind game လုပ်တယ်ထင်မယ်။ သူတို အသင်းက ကောင်းတယ်ဗျ။ ရလာဒ်ကိုချည်း မကြည့်နဲ့။ ရလာဒ်တွေထက် သူတို ပိုထိုက်တန်တယ်။ ကျွန်တော် အမြဲ ကြည့်ဖြစ်တာပဲဥစ္စာ။ သူတို အနှေးနဲ့ အမြန် အောင်မြင်ဦးမှာ။ ကျွန်တော် ပရီးမီးယားလိဂ် ပြန်မရောက်ခင်မှာတောင် သူတို ပြန်အောင်မြင်ပြီး ဖြစ်နေနိုင်တယ်။
ပေါ်တိုနဲ့ သရေကျတယ်ဆိုတာလည်း ပေါ်တိုက ခက်တယ်လေဗျာ။ တွမ်တီး ကို မနိုင်တာကလည်း ဖြစ်တတ်ပါတယ်။ အခု ပုံစံသစ်အရ သူတိုနှစ်ပွဲသရေကျထားလည်း အဆင်ပြေနေပါတယ်။
ဆာအဲလက်စ်နဲ့ ပတ်သက်လိုလား။ သူ့ကို အရမ်းလေးစားပါတယ်။ သူက တကမ္ဘာလုံးက ယူနိူက်တက် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ တွေ အပြည့်ရထားပြီး အခု ဟော့နေတဲ့ ဘာရာထူး ညာရာထူး.. တစ်ပေါင် နှစ်ပေါင် ငွေကြေးတစွန်းတစ ထက် အများကြီး ပိုအရေးပါတဲ့သူပါ။
ကျွန်တော့်အနေနဲ့က ခုနပြောသလို ယူနိုက်တက်အောင်မြင်နေတာကို မြင်ချင်ပါတယ်။ တချိန်တည်းမှာပဲ နက်ဖန်ပွဲကိုလည်း အနိုင်ရချင်ပါတယ်။ ကျွန်တော့်ခေတ်က ကစားသမား သုံးလေးယောက်လည်း သူတိုအသင်းမှာ ရှိပါသေးတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ကျွန်တော့်အသင်း (ဖီနာဘာချီ) ထက် ပရီးမီးယားလိဂ်အသင်းတွေက အများကြီး ပိုကောင်းပါတယ်။ ယူနိုက်တက်က ယူရိုပါလိဂ်ရဲ့ ရေပန်းအစားဆုံး စာရင်းဝင် အသင်းကြီးတစ်သင်း ဖြစ်တာမို အကောင်းဆုံး ရင်ဆိုင်သွားဖို ပြင်ရမှာပါပဲ။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





