ဘရူနိုဖာနန်ဒက် က ကလပ်နှင့်နိူင်ငံအတွက် နောက်ဆုံးကစားခဲ့သော (၁၀)ပွဲတွင် ဂိုးဖန်တီးမှု (၅)ကြိမ် ရရှိထားသည်။
အနိုင်ဂိုးသွင်းယူခဲ့သော ဟော့ဂျ်လန်း က ယူနိုက်တက်အသင်း အတွက် သွင်းဂိုး (၁၈)ဂိုး၊ ဂိုးဖန်တီးမှု နှစ်ကြိမ် စွမ်းဆောင်ပေးထားနိုင်ပြီဖြစ်သည်။
မားကပ်ရက်ဖိုသည် အရင်ရာသီက ပင်နယ်တီမဟုတ်သော ဂိုးပါဝင်ပတ်သက်မှု (၆)ကြိမ်သာ ရရှိခဲ့သော်လည်း ယခု ရာသီအစမှာပင် (၅)ကြိမ် ရရှိထားပြီဖြစ်သည်။
ဂါနာချိုသည် ယခုရာသီတွင် ဘယ်တောင်ပံ နေရာတွင် ကစားရသောအခါတိုင်းတွင် ၅၉ မိနစ်လျှင် တစ်ကြိမ် သွင်းဂိုး သိုမဟုတ် ဂိုးဖန်တီးမှု ပြုလုပ်နိုင်ထားသည်။
ရက်ဖိုက Final Third Pass ၂၂ ကြိမ် ပေးပိုနိုင်သလို အခွင့်ရေး ဖန်တီးမှု လေးကြိမ် ရှိခဲ့ပြီး တစ်ကွင်းလုံးတွင် အများဆုံး ကစားသမားဖြစ်ခဲ့သည်။
မားကပ်ရက်ဖိုသည် ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု အကြိမ် (၄၀) ပြည့်မြောက်သွားပြီဖြစ်သည်။ရက်ဖို ထက် ဖန်တီးမှု ပိုများသော ယူနိုက်တက် တောင်ပံကစားသမားဟူ၍
ရွိင်ယန်ဂစ် (၁၆၂)ကြိမ် နှင့်
ဒေးဗစ်ဘက်ခမ်း (၈၀)ကြိမ်
တို နှစ်ဦးသာ ရှိသည်။
via Statmandave
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
YouTube (https://www.youtube.com/@TheUnitedShow)
Subscribe





