INEOS က Chido Obi နှင့် Kone တိုကဲသို လူငယ်ခြေတက်များကို ထပ်မံခေါ်ယူဖိုရှိနေသည်။ ထိုကဲ့သို ခေါ်ယူမှုများ အဆက်မပြတ်ပြုလုပ်ဖိုလည်း ကြိုးပမ်းနေသည်။
Sekou Kone ကို ခေါ်ယူရန် အေဂျက်စ်၊ ဂျာမနီအသင်းတစ်သင်း အပါအဝင် အသင်းတော်တော်များများ ကြိုးပမ်းသော်လည်း ယူနိုက်တက်က ခေါ်ယူနိုင်ခဲ့သည်။ ယခင်ကဆို နာမည်ကြီး လူငယ်တစ်ဦးကို တခြားအသင်းနှင့် ပြိုင်ခေါ်ပါက မရတာ များခဲ့သော်လည်း ယခုအခါ အပြောင်းအရွှေ့အောင်မြင်မှုတချို ပြန်မြင်လာရပြီဖြစ်သည်။
ယခင်ကဆိုလျှင် ကစားသမားကောင်းများကို Scout အဖွဲက တင်ပြသော်လည်း ဘုတ်အဖွဲက ခေါ်ယူရန် ပျက်ကွက်ခဲ့သော ဥပမာပေါင်းများစွာရှိခဲ့သည်။ ဘုတ်အဖွဲက တခြားတစ်ယောက်အပေါ် ရင်းနှီးမြှုပ်နှံခဲ့ပြီး အဆိုပါခေါ်ယူမှုက မှားယွင်းခဲ့သည်။ INEOS က ဒီလိုအဖြစ်မျိုး နောက်ထပ်မကြုံစေရ ဟု ရည်မှန်းထားသည်။
ယူနိူက်တက်က ၂၀၂၅ တွင် တောင်ပံကစားသမား တစ်ဦး ခေါ်ယူလိုပြီး Eze က ဦးစားပေးပစ်မှတ်ထဲတွင် ပါဝင်နေသည်။
Mainoo နှင့်စာချုပ်သစ်ကိစ္စကို ဆက်လက်စကားပြောလျက်ရှိသည်။ ယခုချက်ချင်း သဘောတူညီမှု မရသေးသော်လည်း ယူနိုက်တက်က ဦးစားပေးလုပ်ငန်းတစ်ခုအနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





