ပြီးခဲ့သည့် နွေရာသီက ယူနိုက်တက်နည်းပြရာထူးအတွက် သတင်းကြီးခဲ့သော သောမတ်စ်တူချယ်ကို အသင်းက ယခုတဖန် ပြန်ပြီး စိတ်ဝင်စားလာသည်။
တူချယ်ကို ထပ်မံစိတ်ဝင်စားရသော အဓိက အချက်မှာ “ချက်ချင်း ခန့်အပ်နိုင်ခြင်း” ကြောင့်ပင်ဖြစ်သည်။ တူချယ်က အသင်းလစ်လပ်နေပြီး အချိန်အတော်ကြာ အနားယူထားသောကြောင့် ယခုနေ ကမ်းလှမ်းလျှင် အဆင်ပြေနိုင်မည့် အနေအထား ဖြစ်နေသည်။
ယခုရာသီ (၁၁)ပွဲတွင် (၃)ပွဲသာ အနိုင်ရပြီးနောက် တန်ဟက် ၏ နည်းပြရာထူးမှာ မငြိမ်မသက် ဖြစ်နေသည်။ တူချယ်ကလည်း နွေရာသီတည်းက ယူနိူက်တက်၏ ကမ်းလှမ်းမှုကို နားစွင့်ခဲ့သလို Sir Jim Ratcliffe နှင့်ပင် မျက်နှာချင်းဆိုင် ဆွေးနွေးဖူးသည်မှာ အားလုံးအသိဖြစ်သည်။
မနှစ်က ချန်ပီယံလိဂ်တွင် ဘိုင်ယန်နှင့် ယူနိုက်တက် တွေ့ဆုံစဥ်ကလည်း ယူနိုက်တက်၏သမိုင်းကြောင်း အစဥ်အလာကို အလွန်လေးစား ကြောင်း ပြောဆိုခဲ့ဖူးသူဖြစ်သည်။
via Samuelluckhurst
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





