The United Show
  • Home
  • FAN PLAYER RATING
  • Video News
  • News
  • Podcasts
  • OUR TEAM

Archives

  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024

Categories

  • News
  • Our Team
  • Uncategorized
  • Video News
  • HOME
  • FAN PLAYER RATING
  • VIDEO NEWS
The United Show
  • NEWS
  • PODCASTS
  • OUR TEAM
The United Show
  • Home
  • FAN PLAYER RATING
  • Video News
  • News
  • Podcasts
  • OUR TEAM

News

အက်စတွန်ဗီလာ ၀−၀ မန်ယူနိုက်တက် | ပွဲပြီးသုံးသပ်ချက်

October 7, 2024

ဂိမ်းဆော့ရင် နောက်ကိုမှီဆော့နေရာကနေ ထပြီးဆော့တဲ့ Meme တစ်ခုကို မှတ်မိကြမယ်ထင်ပါတယ်။ အဲရစ်တန်ဟက်ဂ်မှာလည်း အဲဒီလို Mode တစ်ခုရှိတယ်။ သေရေးရှင်ရေးကျရင် Survivor mode ဖွင့်ပြီး တန်ဟက်ဂ်က မြွေမသေ တုတ်မကျိုးဖြစ်အောင် အကြိမ်ကြိမ်လုပ်ပြနိုင်ခဲ့ဖူးတယ်။ အခုလည်း ရလဒ်အားဖြင့် ပိုနေမြဲ ကျားနေမြဲ ဂိုးမရှိသရေတစ်မှတ်ကို ရယူခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နည်းပြထိုင်ခုံမှာ တန်ဟက်ဂ်နေမြဲ ဖြစ်ဦးမလား မသေချာတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီစွမ်းဆောင်ရည်က မလုံလောက်လို့ပါ။

အသက် ၃၆ နှစ်အရွယ် ဂျွန်နီအီဗန်စ်က Man of the Match ရသွားခဲ့တယ်ဆိုတော့ တခြားကစားသမားတွေအနေနဲ့ ရှက်သင့်တယ်ဆိုပြီး Sky Sports မှာ ဘာဘာတော့ဗ် ပြောသွားတယ်။ သူ ပြောတာကလည်း မှန်နေတယ်။ ဘိုင်ယန်မြူးနစ်ကို နိုင်ထားတဲ့ အက်စတွန်ဗီလာကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့လို့ဆိုပြီး ကျေနပ်ရမယ့် အသင်း မဟုတ်သလို၊ ကျေနပ်ရမယ့် ခြေစွမ်းလည်း မရှိဘူး။ ပျင်းစရာ ကောင်းတဲ့ ခြေစွမ်း၊ တိုးတက်မှုမရှိတဲ့ ကစားပုံကိုပဲ ဆက်ပြခဲ့တယ်။ ဘာမှမလုပ်နိုင်ခြင်းကစားကွက်ကပဲ ယူနိုက်တက်နဲ့ အလိုက်ဖက်ဆုံးလို ဖြစ်နေတယ်။

ဒီပွဲမှာ ယူနိုက်တက်ဟာ တန်ဟက်ဂ် စမ်းသပ်ချင်ခဲ့တဲ့၊ ရှေ့ရှုခဲ့တဲ့ Build-up ကစားပုံနဲ့ High pressing တွေကို လွှင့်ပစ်ခဲ့ပြီး ၄−၄−၂ Low block/Mid block နဲ့ ချဉ်းကပ်ခဲ့တယ်။ တောင်ပံတွေက နောက်နားကျကျ နေရာယူထားပြီး လိုင်းတွေကို ပူးနေအောင် ကပ်ထားတယ်။ အခြေအနေပေးရင် လျင်မြန်တဲ့ Transitional play တွေနဲ့ ထိုးနှက်ဖို့ အသင့်ပြင်ထားတယ်။ ဒါဟာ တစ်ပွဲတိုးတွေမှာ ယူနိုက်တက် သုံးနေကျပုံစံပါပဲ။ အခြားတစ်ဖက်မှာ အက်စတွန်ဗီလာက ယူနိုက်တက်ရဲ့ကောင်တာကို စိုးရိမ်ပြီး တက်မကစားခဲ့ဘူး။ ပေါ်လာမယ့် အပေါက်တွေအတွက် ကြိုတွေးရင် ပိတ်ထားတဲ့ Cautious ကစားပုံနဲ့သာ ကစားခဲ့ပါတယ်။ တိုက်စစ်အတွက် လူ များများထပ်သုံးရင် ပိတ်ထားတဲ့တံခါးတွေ ပွင့်သွားနိုင်ပေမဲ့ ဗီလာကတော့ လူအနည်းငယ်နဲ့သာ တိုက်စစ်ကို ကစားခဲ့တယ်။ တကယ်တော့ တံခါးက အခိုင်အမာပိတ်ထားနိုင်တဲ့ ခံတပ်လောက် မဟုတ်ခဲ့ဘူး။ တံခါးလေးစေ့ထားရုံလောက်ပဲ။

ဒါကို အက်စတွန်ဗီလာရဲ့ ရုတ်တရက် ပေါက်ပေါက်ထွက်သွားတဲ့ ထိုးဖောက်ချက်တွေမှာ မြင်နိုင်ပါတယ်။ ပထမပိုင်းခပ်စောစောမှာ ကွန်ဆာရဲ့ ပေးပို့ချက်ကနေ ရော်ဂျာစ် လွတ်ထွက်သွားတဲ့ အကြိမ်မျိုးပါ။ အဲဒီမှာ ရော်ဂျာစ်ကနေ ဝက်ကင်းစ်ကို ပေး၊ ဝက်ကင်းစ်က ရော်ဂျာစ်ဆီ ပြန်ခင်းပြီး စိုးရိမ်လောက်တဲ့ ထိုးဖောက်မှုမျိုး ဗီလာ လုပ်နိုင်ခဲ့တယ်။ ဒါက ဘာဖြစ်လို့လဲဆိုတော့ ယူနိုက်တက်ဟာ Verticality (ဒေါင်လိုက်ကစားပုံ) မှာ ပြဿနာ ရှိနေလို့ပါ။ နေရာယူပုံတွေက ဟန်ချက်မညီဘဲ တစ်ဦးနဲ့တစ်ဦး နားလည်မှုမပြည့်တဲ့အတွက် လိုင်းတွေကြားထဲကအပေါက်တွေမှာ နေရာအများကြီး ပေးရတယ်။ အမြဲတမ်းလည်း အသုံးချခံရတယ်။ ဒီပွဲမှာတော့ Low block/Mid block တွေသုံးတယ်၊ နေရာယူပုံ အတန်းတွေကို ဆွဲကပ်ပစ်လိုက်တယ်။ ဒါကြောင့် တချို့အပေါက်တွေ ပျောက်သွားပါတယ်။ ဗီလာက လီဗာပူးလ်၊ စပါးတို့လို တိုက်စစ်ကို ရဲရဲတက်ကစားရင်တော့ နောက်ထပ်ဆက်တွေးစရာတွေ ပေါ်လာနိုင်ပေမဲ့ ဗီလာက ဘေးကင်းရေး ဦးစားပေးခဲ့လို့ ဒီပွဲကို ယူနိုက်တက်တို့ ဂိုးမပေးရအောင် တောင့်ခံနိုင်သွားတယ်။

ဒါပေမဲ့ ဂိုးမပေးရတာက တစ်ကဏ္ဍဖြစ်ပြီး ခံစစ်သက်သက် ကြည့်ရင်တောင် ယူနိုက်တက်က လိုအပ်ချက် ရှိနေတုန်းပဲ။ ဂိုးမပေးရတာက ဗီလာတို့ တိုက်စစ်ကို ထက်မြက်အောင် မကစားနိုင်ခဲ့လို့ဆိုပြီး တွေးလို့ရတယ်။ ခံစစ်အတွက် အခြေခံအားဖြင့် Defensive organization ဆိုတဲ့ ခံစစ်စုဖွဲ့ပုံရယ်၊ Attack to Defense transition တိုက်စစ်ကနေ ခံစစ်ကူးပြောင်းပုံရယ် နှစ်မျိုးခွဲလို့ရတယ်။ ခံစစ်စုဖွဲ့ပုံမှာ ယူနိုက်တက်ဟာ ဒီလိုမျိုး ခံစစ်အားပြုတဲ့ပွဲဆိုရင် ကစားပုံမဆိုးတဲ့အထဲ ပါတယ်။ ဒါပေမဲ့ တိုက်စစ်ကနေ ခံစစ်ကူးပြောင်းပုံမှာ ပြဿနာ များတယ်။ ယူနိုက်တက်ကို transition တွေ ကောင်းတယ်ပြောကြပေမဲ့ transition မှာ နှစ်ပိုင်းရှိနေပြီး ယူနိုက်တက်ဟာ ခံစစ်အပိုင်းမှာ ညံ့တယ်။

ဒီပွဲမှာဆိုရင် Attack to Defense transition လို့ ပြောရအောင် ယူနိုက်တက်ဘက်က Attack တောင် သိပ်မရှိပါဘူး။ ဒါကြောင့် ဘောလုံးဆုံးသွားချိန်မှာ ဘယ်လိုတုံ့ပြန်သလဲဆိုတဲ့ transition ကိုပဲ ကြည့်ကြည့်ပါ။ ရော်ဂျာစ်၊ တီလေမန်းစ်၊ ဘာကလေတို့ကို အန္တရာယ်ကြီးတဲ့ ဘောလုံးသယ်ဆောင်ခွင့်တွေ ပေးခဲ့ရတာကို မြင်ရလိမ့်မယ်။ ဒါတောင် ဟိုးကွင်းအရှေ့ခြမ်းမှာ ဘောလုံးဆုံးတာ မဟုတ်ဘဲ ကွင်းလယ်စည်းနားလောက်မှာ ဆုံးရှုံးသွားတာကို ပြန်လိုက်ရတာ ဖြစ်ပါတယ်။ ပြန်လိုက်ရတဲ့ အကွာအဝေး ကပ်နေတာကြောင့် ပြဿနာ များများ မပေါ်ခဲ့တာပါ။ 

စပါးဆိုရင် အဲဒီ Gap တွေကို ဆွဲချဲ့ပစ်ပြီး ယူနိုက်တက်ကို ဒုက္ခပေးခဲ့တယ်။ သဘောက ယူနိုက်တက်ဟာ Attack to Defense transition (သို့မဟုတ်) Counterpressing အပိုင်းမှာ လိုအပ်ချက် ကြီးကြီးမားမား ရှိပါတယ်။ ဒါကြောင့် Possession ကို အခြေပြုပြီး ဘောလုံးတည်ကစားတဲ့အခါမှာ အန္တရာယ်များစွာရှိတဲ့၊ ကိုယ်တိုင်က ပြန်ဖာထေးနိုင်စွမ်းမရှိတဲ့ ကစားပုံ ဖြစ်သွားတာလို့ ကောက်ချက်ဆွဲနိုင်ပါတယ်။ ဆိုတော့ ယူနိုက်တက်ဟာ ပရိသတ်တွေ မြင်ချင်တဲ့၊ အသင်းရဲ့ အဆင့်အတန်းနဲ့ ဖြစ်သင့်တဲ့၊ တန်ဟက်ဂ်ကိုယ်တိုင်လည်း အကောင်အထည်ဖော်ချင်တဲ့ ပုံစံနဲ့ အဝေးကြီးမှာ ရှိနေတဲ့အဓိပ္ပာယ်ပါပဲ။

ရေရှည်တိုးတက်မှုအတွက် အထောက်အကူမပြုနိုင်တဲ့ ကစားပုံနဲ့ ကစားရင် အသက်ရှင်အောင် ကစားနိုင်ပေမဲ့ ဖြစ်သင့်တဲ့၊ ဖြစ်ချင်တဲ့ပုံစံနဲ့ ကစားရင် အလုပ်မဖြစ်တာဟာ အသင်းကြီးတစ်သင်းအတွက် မဖြစ်သင့်ပါဘူး။ အသင်းကြီးတွေက တစ်ပွဲတိုးမဟုတ်၊ Cup team မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါကြောင့်လည်း အက်စတွန်ဗီလာလို ပြိုင်ဘက်ကောင်းကို အဝေးကွင်းမှာ သရေရယူနိုင်ခဲ့ပေမဲ့ ယူနိုက်တက်ပရိသတ်တွေဆီကရော၊ သုံးသပ်သူတွေဆီကပါ ဝေဖန်သံတွေ ခံယူနေရတာ ဖြစ်ပါတယ်။

ပိုဆိုးတာက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းမှာ ပုံမှန်မဟုတ်ဘူးလို့ ပြောနိုင်တဲ့ အရိပ်အယောင်တွေ မြင်နေရခြင်းပါ။ ရပ်ရှ်ဖို့ဒ်က အနီကတ်ထိဖို့ နီးစပ်ခဲ့ပြီး သူ့ရဲ့ ဖြစ်ချင်ရာဖြစ် ဖျက်ထုတ်ပုံက စိတ်ပျက်နေခြင်းကို ပြသပါတယ်။ မျက်နှာမှာလည်း အထင်းသားမြင်နိုင်တယ်။ အရံခုံက ထလာတဲ့ ဇစ်ခ်ဇေးလည်း စိတ်က ပွဲထဲမှာ ရှိမနေတဲ့ပုံမျိုးကို ပြသတယ်။ ဘရူနိုလည်း သိပ်မထူးဘူး။ ပေးပို့မှုတွေက လွဲချော်လွန်းနေခဲ့ပြီး တော်တော်ညံ့ခဲ့တယ်။ ဂါနာချိုကလည်း ဆုံးဖြတ်ချက်အလွဲတွေနဲ့ နေသားကျနေတယ်။

အဓိကခံစစ်အတွဲအဖြစ် ပွဲထုတ်နေတဲ့ ဒီလစ်နဲ့လီဆန်ဒရိုမာတီနက်ဇ်တို့ကို ပြိုင်တူအရံခုံပို့ခဲ့ခြင်းကလည်း စိုးရိမ်စရာ ကောင်းပါတယ်။ ပေါ်တိုနဲ့ပွဲမှာ ဂိုးတွေပေးရတာ မင်းတို့နှစ်ကောင်ကြောင့်ရယ်ဆိုပြီး ကစားသမားနှစ်ယောက်ဆီ အပြစ်ဖို့လိုက်တဲ့သဘောပါပဲ။ မက်ဂွိုင်းရား၊ အီဗန်စ်တို့ စွမ်းဆောင်ရည်ကောင်းပြခဲ့လို့ ရင်အေးခဲ့ရပေမဲ့  တကယ်လို့ အလွဲအချော်ဖြစ်ခဲ့မယ်ဆိုရင် ခံစစ်မှူး ၄ ယောက်စလုံးအတွက် ဖိအားမျိုးစုံ ထည့်ပေးနိုင်တဲ့ အခြေအနေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

Center back pairing တွေကို ဒီလိုမျိုး အစုံလိုက် ပြောင်းကစားတာ မြင်ရခဲပါတယ်။ ဒီနေရာရဲ့ သဘောကိုက အတွဲညီခြင်း၊ တည်ငြိမ်ခြင်းတွေကို အားကိုးရပါတယ်။ ခြေစွမ်းနိမ့်ကျမှု ရှိခဲ့ရင်တောင် ဖြည်းဖြည်းချင်း တိုးတက်ကုစားမှုကိုပဲ ရွေးချယ်လေ့ရှိကြတယ်။ ဒီလစ်နဲ့ လီချာတို့က အဲဒီလောက် ညံ့နေတဲ့သူတွေတော့ မဟုတ်ဘဲ ပင်ကိုအရည်အသွေးအားဖြင့် ထိပ်တန်းတွေပါ။ အမှားတွေ လုပ်ထားခဲ့ပေမဲ့ သုံးလို့ ရတဲ့ အနေအထားပါ။ ပုံမှန်နည်းပြ မည်သူမဆို သုံးကြမှာပါပဲ။ အခုလို အစုံလိုက်ပြောင်းကစားခြင်းက အလောင်းအစားဆန်ပြီး တန်ဟက်ဂ်ရဲ့ Do or Die (သို့မဟုတ်) Cup mode အဖြစ် ရှုမြင်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် အီဗန်စ်က Man of the Match ရသွားခဲ့တော့ တန်ဟက်ဂ် လက်မထောင်နိုင်သွားတာပေါ့။ ဒါပေမဲ့ ရေရှည်အမြင်၊ စုဖွဲ့မှုအမြင်နဲ့ ကြည့်တဲ့အခါမှာ ဒါဟာ အသင်းကြီးတစ်သင်းရဲ့ လမ်းမဟုတ်နေတာ သေချာပါတယ်။

ဒီတော့ သရေပွဲသာ ရခဲ့တာ အသင်းမှာ ကျေနပ်ဖို့ကောင်းတာက ဘာများရှိနေလို့လဲ။ တန်ဟက်ဂ်က သူတင်ထားတဲ့ ရာသီအစ ၇ ပွဲ အဆိုးရွားဆုံးစံချိန်ကို တစ်နှစ်အကြာမှာ သူကိုယ်တိုင် ချိုးဖျက်ခဲ့တယ်။ မနှစ်က ၇ ပွဲ ၉ မှတ်၊ ဒီနှစ်က ၇ ပွဲ ၈ မှတ်။ ဒါပေမဲ့ သူက အသံကောင်းတော့ ဟစ်နေတုန်းပဲ။ ဒီရာသီအတွက် ၄ ပွဲမြောက် Clean sheet ဖြစ်ပြီး အသင်းရဲ့အတူတကွရှိနေမှုကို မြင်နိုင်ပါတယ်လို့ သူက ပြောခဲ့တယ်။ အတူတကွ၊ တစ်လှေတည်း စီးနေသူတွေ၊ အတူတူ ဆုံးဖြတ်ကြတယ် အစရှိတဲ့ စကားတွေကို တန်ဟက်ဂ် အများကြီး ပြောနေတာကို တွေ့နိုင်ပြီး ဒါဟာ တဒင်္ဂရလဒ်တချို့နဲ့ သူ့အနာဂတ်ကို ပူးချည်နေတဲ့ သဘောမျိုးပါ။ အသင်းရဲ့ ဆိုးရွားနေမှုဟာ ဘယ်သူကမှ မျက်နှာလွဲလို့မရလောက်အောင် ထင်သာမြင်သာရှိနေပါတယ်။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာလို့ မရပါဘူး။ တန်ဟက်ဂ်က ထန်းလက်စွမ်းဆောင်ရည်လောက်ပဲ ပြနေနိုင်တာ ဖြစ်ပါတယ်။

Share
Subscribe

LATEST News

ရိန်းဂျားကို အနိုင်ရပြီးနောက် အမ်မိုရင်၏ ပြောကြားချက်များ

24 Jan 2025

ရိန်းဂျားနှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် အမ်မိုရင် ၏ ပြောကြားချက်များ

22 Jan 2025

အန်တိုနီ၏ အငှား စာချုပ်ပါ သဘောတူညီချက်

20 Jan 2025

ဘရိုက်တန် ကို ရှုးသည့်ပွဲအပြီး အမ်မိုရင်၏ ပြောကြားချက်များ

19 Jan 2025

PHOTO NEWS!

19 Jan 2025

ယူနိုက်တက်၏ ဂါနာချိုအတွက် သတ်မှတ် တန်ကြေးမှာ ယူရို သန်း ၇၀ နှင့်အထက် ဖြစ်သည်

17 Jan 2025
kaungpaing

Previous Article
  • News

David Ornstein ပြောသော ယူနိုက်တက် နည်းပြသတင်းများ

  • October 7, 2024
View Post
Next Article
  • News

တူချယ်ကို ထပ်မံစိတ်ဝင်စားနေဆဲဖြစ်

  • October 7, 2024
View Post

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

LATEST NEWS

  • ရိန်းဂျားကို အနိုင်ရပြီးနောက် အမ်မိုရင်၏ ပြောကြားချက်များJanuary 24, 2025
  • ရိန်းဂျားနှင့် ပွဲကြို သတင်းစာရှင်းလင်းပွဲတွင် အမ်မိုရင် ၏ ပြောကြားချက်များJanuary 22, 2025
  • အန်တိုနီ၏ အငှား စာချုပ်ပါ သဘောတူညီချက်January 20, 2025
  • ဘရိုက်တန် ကို ရှုးသည့်ပွဲအပြီး အမ်မိုရင်၏ ပြောကြားချက်များJanuary 19, 2025
  • PHOTO NEWS!January 19, 2025

LATEST VIDEO NEWS

  • ဘရူနိုနောက်ကျဂိုးနဲ့အိမ်ကွင်းမှာ (၃)မှတ်အပြည့်ရခဲ့, ပွဲပြီးအမြင်January 24, 2025
  • BREAKING | Patric Dogru ကိုခေါ်ယူဖို့ ဆွေးနွေးနေပြီ, အန်တိုနီလည်းထွက်ပြီJanuary 20, 2025
  • ထုံးစံအတိုင်းတစ်ဉီးချင်းတွေမှားနေကြဆဲ | Fans DiscussionJanuary 20, 2025
  • ရုပ်ပျက်စရာဂိုးသမားနဲ့ ပုံမှန်ခြေစွမ်းပြန်မြင်ရတဲ့ပွဲ, ယူနိုက်တက် ၁-၃ ဘရိုက်တန် ပွဲပြီးအမြင်January 20, 2025
  • ဂါနာချို,အန်တိုနီဆန်းတို့စ်နဲ့အိန့်နူရီတို့အပါဝင် မနက်ခင်းပိုင်းရအပြောင်းရွှေ့သတင်းများJanuary 19, 2025
Pos.NameMP+/-
1Arsenal FCArsenal FC378243
2Manchester City FCManchester City FC377843
3Manchester United FCManchester United FC376816
4Aston Villa FCAston Villa FC37626
5Liverpool FCLiverpool FC375910
6AFC BournemouthAFC Bournemouth37564
7Brighton & Hove Albion FCBrighton & Hove Albion FC37539
8Chelsea FCChelsea FC37527
9Brentford FCBrentford FC37523
10Sunderland AFCSunderland AFC3751-7
11Newcastle United FCNewcastle United FC37490
12Everton FCEverton FC3749-2
13Fulham FCFulham FC3749-6
14Leeds United FCLeeds United FC3747-4
15Crystal Palace FCCrystal Palace FC3745-9
16Nottingham Forest FCNottingham Forest FC3743-3
17Tottenham Hotspur FCTottenham Hotspur FC3738-10
18West Ham United FCWest Ham United FC3736-22
19Burnley FCBurnley FC3721-37
20Wolverhampton Wanderers FCWolverhampton Wanderers FC3719-41

OUR SOCIAL REACH

CONTACT US

Please enable JavaScript in your browser to complete this form.
Loading

OUR MISSION

Our mission is to provide Manchester United fans with up-to-date information about the team, including the latest news, live shows, and fan discussion programs, on a daily basis. We are committed to continuously improving our content to deliver even better programs to our audience in the future

Copyright © 2024 United Show

Input your search keywords and press Enter.