ဗီလာနှင့်ပွဲကို မရှုးခဲ့သော်လည်း တန်ဟက်၏ နည်းပြရာထူးမှာ တည်ငြိမ်မှု မရှိသည့် အခြေနေဖြစ်သည်။ ယခုထိတော့ ယူနိုက်တက်နှင့် အနီးတဝိုက်တွင် ငြိမ်သက်နေသည်။ အသင်းက တန်ဟက်အတွက် ရင်းနှီးမြှုပ်နှံမှု များစွာ ပြုလုပ်ပေးထားသောကြောင့် အတတ်နိုင်တော့ မထုတ်ပယ်လိုပေ။
အဝတ်လဲခန်း ကို တန်ဟက် ဆုံးရှုးသွားပြီဆိုသော သတင်းများမှာ မမှန်ကန်ချေ။ အားလုံး၏ အာရုံက တန်ဟက်အပေါ် စုပြုံကျရောက်နေပြီး ဖိအားများ ရှိနေသည်မှာတော့ အမှန်ပင်ဖြစ်သည်။
ယူနိုက်တက်အသင်းက အဲရစ်တန်ဟက်ကို FFP ဘဏ္ဍာရေးစည်းမျဥ်း ကြောင့်ထုတ်ပယ်ရန် အခက်တွေ့နေသည် ဟူသောသတင်းမှာ မမှန်ကန်ပေ။ အမှန်တကယ် လိုအပ်ပါက ထုတ်ပယ်သွားနိုင်သည်သာ ဖြစ်သည်။
ပြီးခဲ့သောနွေရာသီက တန်ဟက် နေရာ အစားထိုးရန် လျာထားသော နည်းပြစာရင်းထဲတွင် ဂါရက်ဆောက်ဂိတ် ပါဝင်ခဲ့ခြင်းမရှိပေ။ ထိုကြောင့် ယခု နောက်တကြိမ် နည်းပြရှာဖွေလျှင်လည်း ဆောက်ဂိတ်ကို ခန့်အပ်ဖွယ်မရှိပါ။
ယူနိုက်တက်က အင်ဇာဂီ ကို နည်းပြရာထူးအတွက် ကမ်းလှမ်းခဲ့ခြင်းမရှိပါ။ အင်ဇာဂီ က ယူနိုက်တက်နှင့် သတင်းများထွက်နေခြင်းကိုပင် လွန်စွာ အံ့သြနေသည်။ အမှန်စင်စစ် အင်ဇာဂီ မှာ အင်္ဂလိပ် စကားပင် ပြောလေ့ပြောထ မရှိပေ။
တန်ဟက်ကို ထုတ်ပယ်ပြီး နစ္စတယ်ရွိင်းကို ယာယီခန့်အပ်မည်ဆိုသည်မှာလည်း ဖြစ်လာရန် ခက်ခဲသည်။ နစ္စတယ်ရွိင်းကို တန်ဟက်ကိုယ်တိုင် ခန့်အပ်ထားသည်ဟု ဆိုနိုင်သလို အချင်းချင်းကြား သစ္စာစောင့်သိရမည့် အခြေနေလေးတွေလည်း ရှိသည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





