“ဒီရာသီ ကျွန်တော်တို Clean sheet ရတာ လေးကြိမ် ရှိပြီနော်။ ကျွန်တော်တို စုဖွဲမှုကောင်းကောင်းနဲ့ စည်းလုံးမှုကို ပြနိုင်ခဲ့တာ မြင်ရမှာပါ။
ကျွန်တော်တို ဂိုးပေးရဖို နီးစပ်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့လိုသာ စုစုစည်းစည်း ကစားနိုင်ရင် သူတိုရဲ့ အခွင့်အရေးတွေဟာ လေထဲမှာပဲ ပျောက်ကွယ်သွားမှာပါ။
ကျွန်တော်တိုလည်း အခွင့်အရေးတွေတော့ ရခဲ့ပါတယ်။ အများကြီး မရခဲ့တာပဲရှိတာ။ ဘရူနို တိုင်ထိတယ်။ ရက်ဖို ကန်ခွင့်ရတယ်။ အဆုံးမှာတော့ နှစ်သင်းလုံးက ခြေညီ နေခဲ့တယ်။
တကယ်တော့ ပေါ်တိုနဲ့ပွဲ က ကျွန်တော်တို Build up ကောင်းခဲ့ပါတယ်။ ပထမပိုင်း ၂၅ မိနစ်လောက် အရမ်းကောင်းခဲ့တယ်။ ပဲလေ့စ်နဲ့ပွဲမှာလည်း Possession ပိုင်း အရမ်းအားသာခဲ့တယ်။ ဒီနေ့မှာတော့ အခွင့်ရေးအများကြီး မဖန်တီးနိုင်ပေမယ့် အသင်းကောင်းတစ်သင်းအဖြစ် ကစားပြနိုင်ခဲ့တယ်။
ဒီ ၇ ပွဲလုံးအနေနဲ့ ခြုံကြည့်ရင်တော့ အခွင့်ရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့ပါတယ်။ Hojlund ပြန်လာတာနဲ့အတူ ဂိုးတွေလည်း ပြန်မြင်ရဖို ရှိပါတယ်။ ရက်ဖို ဂါနာချိုတိုလည်း ကြိုးစားပြနေသလို အန်တိုနီလည်း ရှိပါသေးတယ်။
ဟုတ်ပါတယ်။ ရက်ဖို ကို လူစားလဲခဲ့တာက သူ အနီကတ်ပြခံရမှာစိုးရိမ်လိုပါ။ နောက်ထပ် တကြိမ်ဆို သူ့ကို ထုတ်ပယ်တော့မယ်ဆိုတာ ကျွန်တော် ရိပ်မိလိုပါ။
မက်ဂွိင်းယား ကတော့ ပထမပိုင်းအပြီးမှာ နာကျင်မှုခံစားရတဲ့အနေအထားပါ။ ဒါကြောင့် လူစားလဲဖို ဆုံးဖြတ်ခဲ့ရပါတယ်။
အသင်းရဲ့ အုပ်ချုပ်သူတွေနဲ့က မကြာခဏ စကားပြောဖြစ်ပါတယ်။ ဒါကို ခဏခဏ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျွန်တော်တို တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု အပြည့်ရှိကြပါတယ်။ အခု ဆက်တိုက် ကစားခဲ့တာတွေက ခက်ခဲလွန်းတဲ့ အဝေးကွင်းပွဲတွေပါ။ ကျွန်တော်တိုက ရေရှည် လုပ်ငန်းစဥ်နဲ့သွားနေတာမို ကိုယ်လုပ်နိုင်တယ်ဆိုတာ ယုံကြည်ထားဖို လိုပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





