ဗီလာနှင့် ပွဲ ပြီးဆုံးလျှင် ယူနိုက်တက် ယာယီနည်းပြအဖြစ် နစ္စတယ်ရွိင်းကို အသင်းက ကမ်းလှမ်းသွားနိုင်သည်။
သိုရာတွင် နစ္စတယ်ရွိင်းက မိမိအနေဖြင့် အဲရစ်တန်ဟက် အပေါ် သစ္စာဖောက်မိသလို ဖြစ်သွားမှာကို စိုးရိမ်နေသည်။
မည်သိုပင် အဆင်ပြေသည်ဆိုစေကာမူ တန်ဟက်နှင့် နစ္စတယ်ရွိင်းကြားတွင် မာနအခံ၊ အလျော့အတင်းလေးတွေတော့ ရှိခဲ့ကြသည်။ အကြောင်းမှာ နွေရာသီတွင် မစ်ချယ်ဗန်ဒါဗတ် နေရာ နစ္စတယ်ရွိင်းနှင့် အစားထိုးဖို INEOS ဆုံးဖြတ်လိုက်စဥ်တည်းက ရွိင်းသည် တန်ဟက် ထုတ်ပယ်ခံရလျှင် ယူနိုက်တက်နည်းပြ ဖြစ်လာနိုင်သည်ဟု လူတွေပါးစပ်ဖျားတွင် ဟိုးဟိုးကျော်နေခဲ့ခြင်းကြောင့် ဖြစ်သည်။
ယခုအပတ်အတွင်း တန်ဟက်က နယ်သာလန် သတင်းအဖွဲတစ်ခုကို ကာရင်တန်တွင် Videoမှတ်တမ်း လာရောက်ရိုက်ကူးခွင့်ပြုခဲ့သည်။ အဆိုပါ မီဒီယာ၏ မေးခွန်းများကို လက်ထောက်နည်းပြ Rene Hake က ဖြေကြားရာတွင် အလုပ်လုပ်ရာ၌ မိမိတို အမိန့်သြဇာ ပါဝင်သော်လည်း အပြီးသတ်ဆုံးဖြတ်ချက်ကိုမူ တန်ဟက် က ချမှတ်ကြောင်း၊ နစ္စတယ်ရွိင်းသည် အသင်းတွင် အတော်လေး influence ရှိနေပုံပေါက်သော်လည်း မိမိက လုပ်ဖော်ကိုင်ဖက်တစ်ဦး အနေဖြင့်သာ သဘောထားကြောင်း ထည့်သွင်းဖြေကြားခဲ့သည်။
via Simon Mullock
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





