“ခံစစ်အမှားတွေ အပေါ်လား။ ခင်ဗျားတိုက တစ်ဦးချင်းစီကို လိုက်ဝေဖန်ချင်တယ်။ ကျွန်တော်တိုက အသင်းလိုက် အနေနဲ့ပဲ ကြည့်တယ်။ ပေါ်တိုနဲ့ ပွဲမှာက ပွဲအစ ၂၅ မိနစ်လောက် တော်တော်ကောင်းတယ်။ ပွဲရဲ့အလယ်မှာ ခံစစ်ကစားပုံက မကောင်းဘူး။ ပြိုင်ဘက်ကို ပွဲထိန်းချုပ်ခွင့်ပေးလိုက်မိတယ်။ ဒါဟာ discipline ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာပဲ။
ဒါပေမယ့် အခုက ရာသီအစပဲရှိသေးတာ မမေ့ပါနဲ့။ ကျွန်တော်တို ပြင်ဆင်ဖို အချိန်မီပါတယ်။ ဒီအခိုက်တန့်မှာ ကစားသမားတစ်ဦးစီတိုင်းက တာဝန်ယူမှု ရှိရပါမယ်။
ဒါပေါ့။ ဒီရာသီကို အောင်မြင်တယ်လိုဆိုနိုင်ဖိုက အများကြီးတိုးတက်လာမှ ဖြစ်မယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာလား။ ဘာစိတ်ပိုင်းဆိုင်ရာလဲ။ ဒီမေးခွန်းက အတိုင်းအဆ မရှိဘူး။ အသင်းမှာ ယုံကြည်မှုရှိတယ်။ အရှုးမပေးဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာ သန်မာမှုရှိပြီးသားပါ။ တိုးတက်ဖိုလိုတယ်လို ဆိုချင်ရင်တော့ ဆိုလို ရပါတယ်။”
ဘရူနိုရဲ့ ကတ်ပြားတွေက ပွဲကိုပြောင်းလဲစေတာဟုတ်ပါတယ်။ တနင်္ဂနွေနေ့က ပွဲက မှားယွင်းထုတ်ပယ်ခဲ့ကြောင်း ကြေညာခဲ့တယ်။ မနေ့က ပွဲမှာတော့ တော်တော် ကံမကောင်းခဲ့တာပါ။ သူက ဂိုးရဖို အရာရာပေးအပ် ကစားနေသူပါ။
Ugarte က အသားကျဖို အချိန်ပေးရမှာပါ။ ကျွန်တော်တို Game model မှာ အသားကျဖို၊ အသင်းသားတွေနဲ့ နားလည်မှုရှိဖိုရော၊ ပရီးမီးယားလိဂ်မှာ အထိုင်ကျဖိုရော အချိန်ယူရမှာပါ။
Hojlund ရဲ့ ကြံ့ခိုင်မှုက အဆင်ပြေနေပါပြီ။ နှစ်လ လောက် ပွဲမကစားရတဲ့နောက် သူတော်တော် ကြိုးစားခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေ တသမတ်တည်း ပြနိူင်ဖိုပဲလိုတယ်။ လောလောဆယ်တော့ သူပြန်လာတာ ကျွန်တော်ဝမ်းသာပါတယ်။
အဲရစ်တန်ဟက်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





