“ကျွန်တော်တို စိတ်အနှောင့်အယှက်ဖြစ်နေတယ်။ တနင်္ဂနွေနေ့က ပွဲကြောင့်ပေါ့။ ကျွန်တော်တို အနိုင်မရတဲ့အခါတိုင်း စိတ်ပျက်ကြတယ်။ ဒီ ဒေါသ တွေက ဒီပွဲအပေါ် တွန်းအားအဖြစ် ရောက်လာမှာပါ။
ရလာဒ်တွေအပေါ် အားလုံးတာဝန်ရှိပေမယ့် ကျွန်တော်က မန်နေဂျာဆိုတော့ ကျွန်တော်ကနေ စ ရမှာပေါ့။ ပွဲတိုင်းက အရေးကြီးတယ်။ ပြိုင်ဘက်တိုင်းက ၁၀၀% အားထုတ်လာမှာ။ ကျွန်တော်တို အဆင်သင့်ဖြစ်နေမှ ရမယ်။
စပါးနဲ့ပွဲ ဆိုတာ ပွဲတစ်ပွဲ သပ်သပ်ပါပဲ။ ပြီးသွားပါပြီ။ မပေးသင့်တဲ့ဂိုးတချို ပေးခဲ့ရရင်လည်း တည်တည်ငြိမ်ငြိမ် ပြန်လာနိုင်ရမယ်။ ဂိမ်းထဲမှာပဲ အစီစဥ်အတိုင်း ပျက်ယွင်းမသွားအောင်၊ အံချော်မသွားအောင် ဆက်ကစားနိုင်ဖို လိုပါတယ်။ ဒီအပိုင်းတွေမှာ ကျွန်တော်တို ပိုတိုးတက်လာတော့မှာ။ ဒါ သေချာပါတယ်။
ကျွန်တော်တို အခွင့်အရေးအများကြီး ဖန်တီးထားနိုင်တယ်။ ပရီးမီးယားလိဂ်ရဲ့ Expected Goal အများဆုံး အသင်းစာရင်းရဲ့ တတိယနေရာမှာ ကျွန်တော်တိုပါ။ Final Third မှာ အဆုံးသတ်သေချာဖို ကြိုးစားရမှာ။ တိကျနေရမယ်။ ဒါတွေ ကျွန်တော့်တိုက်စစ်ကစားသမားတွေ လုပ်နိုင်ပါတယ်။
ရှောက နိုင်ငံပွဲ ပြီးရင် ပြန်လာမှာပါ။ ဘရက်ဖိုနဲ့ပွဲတော့ ပါဖိုမလွယ်ဘူးထင်တယ်။ မေဆန်မောင့် က နောက်ထပ်ဒဏ်ရာတခု ထပ်ရှိနေလို ဒဏ်ရာ နှစ်ခုလို ဆိုနိုင်ပါတယ်။ မာလာစီယာ လေ့ကျင့်ခန်းတချို ဆင်းနေပေမယ့် ကစားနိုင်ဖိုတော့ အချိန်ပေးရပါဦးမယ်။
Dan Ashworth နဲ့ အကြောင်းလား။ ကျွန်တော်တို အသင်းကို ဘယ်လိုတိုးတက်အောင် လုပ်ကြမလဲဆိုတာ နေ့တိုင်း ပြောဖြစ်ပါတယ်။ အသင်းက ရေရှည်စီမံကိန်းနဲ့ သွားနေရတာမို အချိန်တော့ ပေးရမှာပါ။
အသင်းက ယုံကြည်မှု ပျောက်ဆုံးနေတယ်လို ကျွန်တော် မထင်ပါဘူး။ စီးတီးနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲ၊ ကွန်မြူနတီပွဲ၊ စပါးနဲ့ပွဲ စသဖြင့် အသင်းရဲ့ ယုံကြည်မှု နဲ့ စိတ်ဓာတ်ကောင်းတွေကို မြင်ခဲ့ပြီးသားပါ။”
အဲရစ်တန်ဟက်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





