“ဒီတပတ် ဘာတွေဖြစ်လဲဆိုတော့ နေပါဦး။ ကျွန်တော် ဒါတွေမတွေးထားဘူး။ စိတ်ပူမနေဘူးနော်။ ကျွန်တော်တိုက ယူနိုက်တက်ပါ။ အစုအဖွဲပါ။ နွေမှာတည်းက ပိုင်ရှင် ဘုတ်အဖွဲဝင် အရာရာအသစ် တွေနဲ့သွားတယ်။ ငယ်ရွယ်တဲ့ကစားသမားတွေ အားဖြည့်တယ်။ အပြောင်းအလဲကာလမှာ ရလာဒ်တွေ ယိမ်းယိုင်တာ ဖြစ်လေ့ဖြစ်ထ ရှိမှန်း အားလုံးလက်ခံထားပြီးသား။ နောက်ပြီး ကျွန်တော့် နောက်ဆုံး (၆)ရာသီမှာ ဖလားတွေနဲ့ပဲ ရာသီသိမ်းခဲ့ဖူးတာကို သူတိုအားလုံး သိကြတယ်လေ။
ယူနိုက်တက်ကို ကိုင်တွယ်ရင် တခြားအသင်းတွေထက် စောင့်ကြည့်ခံ၊ ဝေဖန်ခံရမယ်ဆိုတာ သိတာပေါ့။ ဝေဖန်မှုတွေကြားက အကောင်းဆုံး တွေ ဖန်တီးပေးဖိုက ကျွန်တော့်တာဝန်လေ။
အခုအသင်းမှာက တိုက်ပွဲဝင်လိုစိတ် ရှိပါတယ်။ တနင်္ဂနွေ နေ့ကလည်း ဆယ်ယောက် နဲ့ ကစားသွားတဲ့ပုံစံ ခင်ဗျားတို မြင်တာပဲ။ ပရိသတ် တွေလည်း ကျွန်တော်တိုနဲ့အတူ ရပ်တည်ပြီး ထောက်ခံအားပေးနေတာ ကွင်းထဲမှာ တွေ့ခဲ့မှာပါ။
အသင်းသားတွေနဲ့ နွေးထွေးမှု မရှိဘူးဆိုတာလည်း မမှန်ဘူး။ ကျွန်တော်တို ပွဲစဥ်တိုင်းအတွက် သေချာ စကားပြောတယ်။ ပွဲပြီးရင်လည်း ပြန်လှန်လေ့လာ ဆန်းစစ်ချက်တွေ အတူလုပ်တယ်။ အသင်းတစ်သင်းဆိုတာ နည်းပြ၊ ကစားသမား ဟန်ချက်ညီဖို လိုတယ်လေ။”
အဲရစ်တန်ဟက်
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
Subscribe





