Sir Jim Ratcliffe ရောက်ရှိလာမှုနှင့်အတူ ယူနိုက်တက်၏ ကစားသမားသစ် ခေါ်ယူရေး ကိစ္စများသည် အလွန်တင်းကြပ်ပြီး အမှားမခံသော ကိစ္စ ဖြစ်လာသည်။
သိရှိထားသော သတင်းတစ်ခုအရ ဝန်ထမ်းများသည် အပြောင်းအရွှေ့နှင့်ပတ်သက်၍ ဖြစ်စေ.. အမှားတစုံတရာ ပြုလုပ်မိပါက ယင်းတို၏ အလုပ် ရာထူး ဆုံးရှုးရနိုင်ချေရှိသဖြင့် စိုးရိမ်မှုများကို ရင်ဆိုင်နေရသည်။
အားကစားဒါရိုက်တာ Dan Ashworth သည် အပြောင်းအရွှေ့ကိစ္စရပ်များကို သူ စတင် ကိုင်တွယ်သော နှစ်လတာ အတွင်း ထဲထဲဝင်ဝင် လေ့လာခဲ့ပြီး အချိုနေရာများတွင် ချိုယွင်းချက်များကိုလည်း လေ့လာတွေ့ရှိခဲ့သည်ဟုဆိုသည်။
Ashworth အပြင် အသင်းဘုတ်အဖွဲဝင် Sir Dave Brailsford, နည်းစနစ်ဒါရိုက်တာညJason Wilcox, ကစားသမားကင်းထောက်အကြီးအကဲ Christopher Vivell နှင့် အားကစားဆွေးနွေးမှုဆိုင်ရာဒါရိုက်တာ Matt Hargreaves တိုအားလုံး စပါးကိုရှုးသော ပွဲကို တက်ရောက်ကြည့်ရှုခဲ့သည်။
ယခုရာသီ ပေါင်သန်း ၂၀၀ ဝန်းကျင်သုံးစွဲကာ အားဖြည့်ထားသော်လည်း ပရီးမီးယားလိဂ် တွင် နှစ်ပွဲသာ နိုင်ပြီး သုံးပွဲရှုးထားသဖြင့် အသင်းက ကျေနပ်အားရမှုမရှိပါ။ ယခင်အပြောင်းအရွှေ့ခေါ်ယူမှုများနှင့် အနာဂတ်ခေါ်ယူမှုများ အပေါ်တွင်လည်း စေ့စေ့စပ်စပ် အပြန်ပြန်အလှန်လှန် စစ်ဆေးလျက်ရှိသည်။
via Samuelluckhurst
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





