လက်ရှိတွင် အသင်း၏ ဆိုးဝါးနေသော ကစားပုံနှင့် ရလာဒ်များကို တန်ဟက်က ရပ်တန့်ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ယုံကြည်နေမှုများ တစထက်တစ တိုးပွားလာသည်။
ယူနိုက်တက် ကစားသမားများက အဲရစ်တန်ဟက် ထုတ်ပယ်ခံရသင့်သည်ဟု ယူဆနေကြသည်။ အချို စီနီယာ ကစားသမားများက ဆိုလျှင် ပြီးခဲ့သည့်နွေရာသီတွင် တန်ဟက် အထုတ်မခံခဲ့ရသည်ကိုပင် အံ့သြနေကြသည်ဟု သိရသည်။
စပါးနှင့်ပွဲ ပထမပိုင်းအပြီးတွင် အသင်း၏ စီနီယာ ကစားသမားများက ဦးဆောင်ဂိုးလေး တစ်ဂိုး စောစော ပေးရတာကို ဘာလိုများ ဒီလောက် ခြေစွမ်း၊ ကစားပုံ၊ ခွန်အား၊ စိတ်ဓာတ်များ ကျဆင်းသွားရသလဲ ဆိုပြီး အချင်းချင်းဆွေးနွေးခဲ့ကြသည်။
အဝတ်လဲခန်းတွင်း တန်ဟက် ကို တလေးတစား ထောက်ခံနေဆဲ ဖြစ်သော်လည်း သူ၏ လုပ်နိုင်စွမ်းအပေါ် ကစားသမားများမှ ယုံကြည်မှုများ လျော့ရလာပြီဖြစ်သည်။
via Mailsports
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





