တွမ်တီးနှင့် ယူရိုပါလိဂ်ပွဲကြို သတင်းစာရှင်းလင်းပွဲမှ မာဇရာဝီ ၏ ပြောကြားချက်များ
“ဘိုင်ယန်အသင်းနဲ့အတူ အချိန်နှစ်နှစ်တာ ဖြတ်သန်းပြီးနောက် ကျွန်တော် နောက်ထပ်ခြေလှမ်းသစ်တွေ သွားချင်လာပါတယ်။ အဲ့ဒီမှာ အဆင်ပြေတယ်ဆိုပေမယ့် ပိုပြီး သက်တောင့်သက်သာ ဖြစ်မယ့်နေရာမျိုးကို အလိုရှိပါတယ်။ ဒီအချိန်မှာ ယူနိုက်တက်က ကမ်းလှမ်းလာပါတယ်။ ဒီလိုအသင်းကြီးကို ဘာလို့ရွေးချယ်လိုက်လဲဆိုတာ အများကြီးထပ်ရှင်းပြစရာ မလိုတော့ပါဘူး။
ပြောင်းရွှေ့ကြေးသက်သာခဲ့တယ်လို့ ပြောချင်တာလား။ (ယူရို 15သန်း + 5 သန်း ဆိုတဲ့) ပြောင်းရွှေ့ကြေး ပမာဏက ကျွန်တော်ဆုံးဖြတ်တာ မဟုတ်ပါဘူး။ ဒါကြောင့် မပြောတတ်ပါဘူး။ ဒါပေမယ့် စျေးကြီးမနေတဲ့အတွက် ကျွန်တော့်အတွက် ကောင်းတယ်ပြောရမယ်။ ကျွန်တော်က စျေးလည်းသိပ်မပေးရဘူး။ အဖွင့်လည်း လှနေတယ်ဆိုတော့ ကောင်းမွန်တဲ့ခေါ်ယူမှုဆိုပြီး ပရိသ_တ်တွေက သုံးသပ်ပေးတယ်လေ။
တန်ဟက်ကတော့ ကျွန်တော့်ပြောင်းရွှေ့မှုမှာ အရေးပါခဲ့တာပေါ့။ ဘယ်အသင်းကိုသွားသွား၊ အဲ့အသင်းနည်းပြဘယ်သူလဲဆိုတာ အရင်ကြည့်ရတယ်မဟုတ်လား။ နည်းပြရဲ့ အမြင်နဲ့ ကိုယ့်ကစားပုံ ထပ်တူကျရဲ့လားဆိုတာ ကြိုတင်လေ့လာဆန်းစစ်ရတယ်လေ။ သူက ကျ တန်ဟက်ဖြစ်နေတယ်။ တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိပြီးသားဆိုတော့ သူဘာလိုချင်လဲ ကျွန်တော်သိတာပေါ့။ ဒါပေမယ့် ဒီအသင်းကိုလာတာ တန်ဟက်တစ်ဦးတည်းကြောင့်တော့ မဟုတ်ပါဘူး။
ကျွန်တော့်ရဲ့ ကစားပုံတွေက ပိုတိုးတက်လာဖို့ပဲရှိပါတယ်။ ကျွန်တော် မန်ချက်စတာမြို့မှာ အသားကျအောင် နေတယ်။ ပိုပိုပြီးလည်း ကြိုးစားနေတယ်။ ဒါကြောင့် အများကြီး ပိုကောင်းတဲ့ခြေစွမ်းတွေ ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





