✅Ugarte သည် ယူနိုက်တက် ပွဲဦးထွက်တွင် ဘောလုံးဖြတ်ထုတ်မှု အားလုံး အောင်မြင်သလို ဘောလုံးပေးပိုမှု အားလုံးလည်း အောင်မြင်ခဲ့သည်။
✅ယူနိုက်တက် သည် ပရီးမီးယားလိဂ်၏ တန်းတက်အသင်းများနှင့် အဝေးကွင်းတွေ့ဆုံမှုတွင် ကိုးပွဲဆက်တိုက် အနိုင်ရရှိထားသဖြင့် 2002 October မှ 2008 November ထိ ဆက်တိုက်နိုင်ခဲ့သော ချယ်လ်ဆီး (21 ပွဲ) ပြီးလျှင် အရှည်ကြာဆုံး စံချိန် ဖြစ်လာသည်။
✅မားကပ်ရက်ရှ်ဖို၏ ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် နောက်ဆုံး လေးဂိုးအနက် သုံးဂိုးမှာ ဧရိယာအပြင်မှ ကန်သွင်းခဲ့သော ဂိုးများဖြစ်သည်။
✅အာမက် (22 နှစ်နှင့် 65ရက်) သည် 2016 February တုန်းက မာရှယ် (20 နှစ်နှင့် 59 ရက်) ပြီးလျှင် ယူနိုက်တက် အတွက် ပရီးမီးယားလိဂ် ပွဲတစ်ပွဲအတွင်း အခွင့်အရေး (6) ကြိမ်နှင့်အထက် ဖန်တီးပေးနိုင်သော အသက်အငယ်ဆုံး ကစားသမား ဖြစ်လာသည်။
✅အဲရစ်တန်ဟက် သည် တန်းတက်အသင်းများနှင့် တွေ့ဆုံသော ပရီးမီးယားလိဂ် (7) ပွဲဆက်တိုက် ရှုးပွဲမရှိခဲ့ပေ။
✅Mazraoui သည် ဆောက်သမ်တန်နှင့်ပွဲတွင် Take-on 100%, Long Balls 100% အောင်မြင်ခဲ့ပြီး ဘောလုံးပေးပိုမှု 86% တိကျစွာ ပေးပိုနိုင်ခဲ့သည်။
✅ဆောက်သမ်တန်သည် ပရီးမီးယားလိဂ်တွင် ယူနိုက်တက်ဘက်သို ပင်နယ်တီကန်သွင်းခွင့်ရသော နှစ်ကြိမ်လုံး ဂိုးမရခဲ့ပေ။ 2017 မေလက Gabbiadini ၏ ပင်နယ်တီကို ယူနိုက်တက် ဂိုးသမား ဆာဂျီယို ရိုမဲရိုး ကာကွယ်နိုင်ခဲ့သလို ယခုအခါလည်း အာချာ ၏ ပင်နယ်တီကို အိုနာနာ ကာကွယ်နိုင်ခဲ့သည်။
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





