ဆောက်သမ်တန်နှင့် ပွဲမစမီ အာမက်ဒီယာလို၏ TNT Sports သို့ ပြောကြားချက်များ
“ကျွန်တော့်ဘဝ တလျှောက်လုံးမှာ ယူနိုက်တက် မှာ ကစားခွင့်တခု ဆုပ်ကိုင်နိုင်ဖို့ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ ဒီအသင်းမှာ တောက်ပ ပြနိုင်ဖို့၊ ဒီအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ပေါ့။
နည်းပြကလည်း ကျွန်တော့်ကို ယုံကြည်မှုတွေ ပေးထားပါပြီ။ ဒီအခွင့်အရေးကို အရယူပြီး အသင်းအတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားသွားမှာပါ။
နှစ်ပွဲဆက် ရှုံးထားတာကြောင့် ဒီနေ့ပွဲ အနိုင်ရဖို့ အရေးကြီးပါတယ်။ အရမ်းကို အရေးကြီးနေတာပါ။ ကျွန်တော်တို့တွေအတွက် အရမ်းသာယာဖြောင့်ဖြူးတဲ့ ကာလတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ပွဲတိုင်းကို အနိုင်ယူဖို့ ကြိုးစားရပါမယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow





