ခြေစွမ်းတိုးတက်လာသလို အင်္ဂလန်လက်ရွေးစင်အဖြစ်ပါ ရွေးချယ်ခံလာရသော ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဟောင်း Angel Gomes ကို အသင်းက ပြန်လည် ခေါ်ယူနိုင်ချေရှိလာသည်။
ရာသီကုန်လျှင် အဲရစ်ဆင် နှင့် ကာစီမီရို ထွက်ခွာနိုင်ချေများသည့်အတွက် ကစားသမားဘဝတလျှောက် central, defensive နှင့် attacking midfield စသည့် ကွင်းလယ်နေရာစုံ ကစားဖူးသော Angel Gomes ကို ပြန်လည် ခေါ်ယူရန် စဥ်းစားလာခြင်းဖြစ်သည်။
လိုင်လီနှင့် ချုပ်ဆိုထားသော စာချုပ်သည် ရာသီကုန်တွင် ကုန်ဆုံးမည် ဖြစ်သဖြင့် Gomes ကို ခေါ်ယူလိုပါက January တွင် အကြိုဆွေးနွေးခွင့်ရှိသည်။
ယူနိုက်တက် မှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရသည့်အပေါ်နာကျင်ရကြောင်း မကြာခဏ ပြောလေ့ရှိသော ကစားသမား ဖြစ်သဖြင့် ပြန်လည် ရောက်ရှိလာနိုင်မည်လား ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။
via M.E.N
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး





