ရလာဒ်ဆိုးတွေကြုံနေရတဲ့ အပေါ် အဲရစ်တန်ဟက် ရဲ့ ပြောကြားချက်
“ခင်ဗျားတို့ကို ပြောချင်တာက ကျွန်တော်တို့ ကစားရမယ့်ပွဲတိုင်းကို အနိုင်ရဖို့အတွက် အကောင်းဆုံးကြိုးစားသွားမှာပါ။
ဂိုးတွေ ပေးနေရရင်တော့ ဘယ်သူမှ မပျော်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေက ကိုယ်သွားရမယ့် လမ်းကြောင်းအတိုင်း အကောင်းမြင်စိတ်နဲ့ ဆက်ကြိုးစားနေတယ်၊ တိုးတက်မှုရှိလာမယ်လို့ သေချာပေါက်ယုံကြည်ထားတယ်။
နောက်နှစ် မေလ လောက်ဆို ကျွန်တော်တို့ ဘယ်အဆင့်မှာ ရောက်နေမလဲဆိုတာ အားလုံးမြင်ရလိမ့်မယ်။ ဝေဖန်တဲ့သူတွေကတော့ ဝေဖန်နေကြမှာပဲ။ အဲ့ဒါတွေက ကျွန်တော့်အပေါ် ဘာသက်ရောက်မှုမှမရှိပါဘူး။
ကျွန်တော်တို့က အသင်းရဲ့လုပ်ငန်းစဉ်အတိုင်း ဆက်သွားနေတာပါ။ အခု ဘယ်အခြေအနေကိုရောက်နေပြီဆိုတာ၊ ဘယ်အခြေအနေအထိ ရောက်အောင်သွားရမယ်ဆိုတာ၊ ဘာတွေလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိပါတယ်။ ကျွန်တော် ခဏခဏ ပြောဖူးပါတယ်။ လက်ရှိအသင်းက စပ်ကူးမတ်ကူး ကာလ ကို ရောက်နေတုန်း ရှိနေပါသေးတယ်။”
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





