အပြောင်းအရွှေ့များ၏ နောက်ဝယ်..
အဲဗာတန်က စျေးလျှော့ပေးလျှင် Branthwaite အပြောင်းအရွှေ့သည် ဖြစ်လာခဲ့မည်မှာ မလွဲပေ။ သို့သော် စောင့်ဆိုင်းသည့် ကာလတခုထိ အဲဗာတန်က တင်းခံနေသည့်အတွက် ယူနိုက်တက်က ဆွေးနွေးခြင်းပင် မပြုတော့ဘဲ ရပ်ဆိုင်းခဲ့သည်။
အဲဗာတန်က Branthwaite ကို Gvardiol ကဲ့သို့ စျေးတန်းသတ်မှတ်ထားပြီး ပေါင် 75 သန်းရရှိလိုသည်။ ယူနိုက်တက် CEO ဖြစ်သူ Omar က Gvardiol သည် 2022 ကမ္ဘာ့ဖလား တွင် တောက်ပ ပြီးသားဖြစ်သလို ချန်ပီယံလိဂ်အတွေ့အကြုံလည်း ရှိနေသဖြင့် အနေအထားချင်း များစွာ ကွာခြားသည် ဟု မြင်သည်။
Branthwaite ကို စျေးမတန်ဟုဆိုကာ မခေါ်ယူခဲ့ခြင်းက Ugarte ကို ညှိနှိုင်းရာတွင် လွန်စွာ အထောက်အကူပြုခဲ့သည်။ PSG က အပိုဆုကြေး မပါဘဲ အသားတင် ပေါင် 50.7 သန်း တောင်းနေချိန်တွင် ယူနိုက်တက်က ‘အဆမတန်တောင်းဆိုပါက Branthwaite ကဲ့သို့ နောက်ဆုတ်လိုက်မည်’ ဟု ခြိမ်းခြောက်ခဲ့သဖြင့် နောက်ဆုံးတွင်အသားတင် ပေါင် 42 သန်း + အပိုဆုကြေး ဖြင့် သဘောတူညီမှု ရရှိသွားခဲ့ခြင်းဖြစ်သည်။
via RobDawsonESPN
The United Show Youtube Channel ကိုSubscribe လုပ်ခဲ့ကြပါဦး
https://www.youtube.com/@TheUnitedShow
Subscribe





