ယူနိုက်တက် ခေါ်ဖို့စဥ်းစားနေတဲ့ ဘယ်နောက်ခံလူ
ယူနိုက်တက်သည် လက်ချီ အသင်း၏ (၁၉)နှစ် အရွယ် ဘယ်နောက်ခံလူ Patrick Dorgu (ပုံတွင် ရှေ့က တစ်ယောက်) ကို စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိကာ ကင်းထောက်များလည်း စေလွှတ်ထားသည်။
Dorgu က ယခုနွေတွင် ချယ်လ်ဆီး ကို ပြောင်းရွှေ့ရန် သတင်းကြီးခဲ့သော်လည်း အပြောင်းအရွှေ့ပျက်ပြယ်ခဲ့သည်။ ယခုအခါ ယူနိုက်တက်နှင့် စပါးက Dorgu ကို ခေါ်ယူရန် နီးစပ်သောအသင်းများဖြစ်လျက်ရှိသည်။
ဘယ်နောက်ခံလူ ဖြစ်သော်လည်း ဘယ်ညာ တောင်ပံနှစ်ဖက် နေရာအတော်များများ ကစားနိုင်သူဖြစ်သလို ယခင်တရက်က ဆွစ်ဇာလန်နှင့်ပွဲတွင်လည်း ဒိန်းမတ်အတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူထားခဲ့သူဖြစ်သည်။
Ref: GraemeBailey
Subscribe





